ရှေ့သို့
Image

အနိုင်ရသင့်တဲ့ ပွဲတွေကို အနိုင်မရခဲ့တာကြောင့် နောင်တရကြောင်းပြောကြားခဲ့တဲ့ ထရိုဆတ်

6:38 PM, 7 May

ထရိုဆတ်က သူ့အန‌ေနဲ့ သူ့ရဲ့ အာဆင်နယ် အသင်းဖော် တွေ ကို အပြစ်တင်စရာမရှိသော်လည်း ချန်ပီယံ လမ်းကြောင်းမှ လွှဲချော်ခဲ့ရတဲ့အတွက် နောင်တရကြောင်းပြောကြားခဲ့ပါတယ် ။


ဂန်းနားများသည် ယခုရာသီတွင် ပွဲစဉ်အများစုအတွက် ဇယားထိပ်တွင် ဦးဆောင်ထားသော်လည်း မကြာသေးခင်ကာလများတွင်  လေးပွဲဆက်တိုက် နိုင်ပွဲမရခဲ့သည့်အပြင် မန်စီးတီးကို ၄-၁ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံနေရာအတွက် စိန်ခေါ်နိုင်စွမ်းကျဆင်းခဲ့ရပါတယ်။


အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ပွဲစဉ်တွင် ချဲလ်ဆီးကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိခဲ့သော်လည်း လာမည့် ပွဲစဉ်များသည်လည်း အာဆင်နယ်အသင်းအတွက် ခက်ခဲဖွယ်ရှိနေပါတယ်။


အာတီတာ ၏ဇန်နဝါရီလတွင်ခေါ်ယူမှုကိုခံရတဲ့ ထရိုဆတ်အနေနဲ့ ပွဲထွက်ခွင့်ရချိန်တိုင်းမှာ အာဆင်နယ်အတွက် အကောင်းဆုံးသက်သေပြခဲ့ပြီး အဆိုပါဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားသည် စိန့်ဂျိမ်းပက်ခ် တွင် နယူးကာဆယ်လ်အသင်းနှင့် ကစားမည့်ပွဲစဉ်တွင် ပြန်လည်ပွဲထွက်လာနိုင်ကြောင်းသိရပါတယ်။


အမှတ်ပေးပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးအမြင်ကို မေးမြန်းရာမှာ ထရိုဆတ်က "ကျွန်တော်တို့ ကို မန်စီးတီးက အနီးကပ်ဖိအားပေးလာမယ်ဆိုတာ သိထားပြီးဖြစ်ပါတယ်။ သိသာပါတယ်၊ ပရီးမီးယားလိဂ် ဆုဖလားက ကျွန်တော်တို့လက်ထဲမှာမဟုတ်တော့ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ဒီဂိမ်းတွေအားလုံးကို အနိုင်ရခဲ့မယ်ဆိုရင် လမ်းကြောင်းပေါ်ပြန်ရောက်နိုင်ပါသေးတယ်။


ဒါပေမယ့် ပြိုင်ပွဲထဲကို ပြန်ဝင်လာဖို့ သူတို့ကို အခွင့်အရေး ပေးခဲ့မိပြီး အခုတော့ သူတို့က ကျွန်တော်တို့ထက်ရှေ့ရောက်နေပြီဆိုတာ သိသာပါတယ်။ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်တဲ့အခါ သူတို့ဟာ ထိပ်တန်းအသင်းဖြစ်သလို၊ အဲဒါကို နှစ်စဉ်သက်သေပြတယ်။ ဒါပေမယ့် သူတို့တကယ်ကို ခက်ခက်ခဲခဲ လုပ်နိုင်ခဲ့ပြီး ဒီအဆင့်မှာ ရှိနေဖို့က ကျွန်တော်တို့ထက် သာလွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။" လို့ပြောကြားခဲ့ပါတယ်။


နယူးကာဆယ်သည် ပြီးခဲ့သည့်ရာသီ နောက်ဆုံးကစားခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် အာဆင်နယ်၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို အဆုံးသတ်နိုင်ခဲ့သော်လည်း ထိုအတွက်လက်စားချေမှုသည် မနက်ဖြန်ပွဲစဉ်အတွက် လှုံ့ဆော်မှုဖြစ်စေသည်ဟု အာတီတာက ပြောဆိုခဲ့ပါတယ်။


ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အာတီတာက "ဒါဟာ အရမ်းကွဲပြားတဲ့ပွဲပါ။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက မတူညီတဲ့ကစားသမားတွေနဲ့ မတူညီတဲ့ဂိမ်းတစ်ခုရှိခဲ့ပေမယ့် မနှစ်ကထက် အများကြီးပိုကောင်းအောင် ကစားရမယ်ဆိုတာ သေချာပါတယ်။ အထူးသဖြင့် အိမ်ကွင်းမှာ သူတို့ တကယ်ကောင်း တာကြောင့် တကယ့်ကို ခက်ခဲတဲ့ ပွဲဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။


ကျွန်တော်တို့မှာ အခွင့်အရေးအနည်းငယ်ရှိခဲ့ပေမယ့် အဲဒါက ကျွန်တော်တို့အနိုင်ရထိုက်တဲ့ပွဲပါ။ သူတို့မှာလည်း ကောင်းမွန်တဲ့ နည်းပြတွေရှိပြီး တကယ်ကောင်းတဲ့ ကစားသမားတွေ မှန်ကန်တဲ့ပတ်ဝန်းကျင်တွေ ပိုင်ဆိုင်ထားတာကြောင့် သူတို့ဟာ အခြေအနေကောင်းတစ်ခုမှာရှိနေတာငြင်းလို့မရပါဘူး။"လို့ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ထရိုဆက် #ပရီးမီးယားလိဂ်