ရှေ့သို့
Image

စီးရီးအေ ပွဲစဉ် (၃၄) မှ ခရီမိုနက်စ် - စပီဇီယာ ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၁၅)

9:35 AM, 6 May

ခရီမိုနက်စ် ဒဏ်ရာရလူစာရင်း - ဒက်ဆာ၊ ဆီဂျော့ချ်(မသေချာ)
စပီဇီယာ ဒဏ်ရာရလူစာရင်း - ဘက်ခ်၊ ဟိုလ်မ်၊ မာဒီနီ၊ မော်တင်ဟို(သေချာပေါက်လွဲ)၊ အန်ဖိုလာ၊ ဇာကောစကီး(မသေချာ)

ထူးခြားချက်များ
========
ခရီမိုနက်စ်အသင်းဟာ စီးရီးအေ နောက်ဆုံး၃၃ပွဲမှာ ပွဲ၃၀  နိုင်ပွဲပျောက်ခဲ့ပါတယ်။

ခန့်မှန်းချက်
==========
ခရီမိုနက်စ်က ရာသီကုန်ချိန်မှ ခြေစွမ်းတိုးတက်လာပြီး နောက်ဆုံး၆ပွဲမှာ ၁ပွဲသာ ရှုံးထားပါတယ်။ စပီဇီယာကလည်း ဂိုးတွေတောက်လျှောက်ပေးနေရကာ ရှုံးပွဲဆက်နေပေမယ့် တန်းဆင်းဇုန်အသင်းတွေရဲ့ရှုံနိမ့်မှုကြောင့် တန်းဆင်းဇုန်အပြင်ဘက်မှာသာ ရှိနေပါသေးတယ်။ နှစ်သင်းစလုံး တန်းဆင်းဇုန်ဖိအားနဲ့ ရုန်းလာမယ့် အခြေအနေမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

ခရီမိုနက်စ် - စပီဇီယာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------------
စပီဇီယာ ၂ - ၂ ခရီမိုနက်စ် (၁၆-အောက်တိုဘာ-၂၀၂၂)
ခရီမိုနက်စ် ၀ - ၀ စပီဇီယာ (၂၅-ဇူလိုင်-၂၀၂၀)
စပီဇီယာ ၃ - ၂ ခရီမိုနက်စ် (၁၂-ဖေဖော်ဝါရီ-၂၀၂၀)
စပီဇီယာ ၂ - ၀ ခရီမိုနက်စ် (၂-ဖေဖော်ဝါရီ-၂၀၁၉)
ခရီမိုနက်စ် ၂ - ၀ စပီဇီယာ (၁၅-စက်တင်ဘာ-၂၀၁၈)
.
ခရီမိုနက်စ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
အေစီမီလန် ၁ - ၁ ခရီမိုနက်စ် (၄-မေ-၂၀၂၃)
ခရီမိုနက်စ် ၁ - ၁ ဗီရိုနာ (၃၀-ဧပြီ-၂၀၂၃)
ဖီအိုရင်တီးနား ၀ - ၀ ခရီမိုနက်စ် (၂၈-ဧပြီ-၂၀၂၃)
အူဒီးနီးစ် ၃ - ၀ ခရီမိုနက်စ် (၂၃-ဧပြီ-၂၀၂၃)
ခရီမိုနက်စ် ၁ - ၀ အမ်ပိုလီ (၁၄-ဧပြီ-၂၀၂၃)
.
စပီဇီယာ နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
အတ္တလန္တာ ၃ - ၂ စပီဇီယာ (၃-မေ-၂၀၂၃)
စပီဇီယာ ၀ - ၂ မွန်ဇာ (၂၉-ဧပြီ-၂၀၂၃)
ဆမ်ဒိုးရီးယား ၁ - ၁ စပီဇီယာ (၂၃-ဧပြီ-၂၀၂၃)
စပီဇီယာ ၀ - ၃ လာဇီယို (၁၅-ဧပြီ-၂၀၂၃)
ဖီအိုရင်တီးနား ၁ - ၁ စပီဇီယာ (၈-ဧပြီ-၂၀၂၃)

#စီးရီးအေ #ပွဲကြိုသုံးသပ်ချက် #စပီဇီယာ #ခရီမိုနက်စ်