ရှေ့သို့
Image

အသင်းပိုင်ရှင် တော့ဘိုလီကို ပြစ်တင်ရှုတ်ချပြီး ချဲလ်ဆီး အသင်းအား ရွံရှာဖွယ်အုပ်စုလို့ပြောလိုက်တဲ့ ဂယ်ရီနဗီးလ်

11:20 AM, 5 May

ဂယ်ရီနဗီးလ်သည် အင်္ဂါနေ့က အာဆင်နယ်ကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲတွင် ချဲလ်ဆီးအသင်း ပိုင်ရှင် တော့ဘိုလီနှင့်နှင့် ချဲလ်ဆီးအသင်း၏ ကစားသမားများကို ရွံရှာဖွယ်ကောင်းတဲ့ အုပ်စု ဟုဆိုကာ ပြင်းပြင်းထန်ထန် ပုတ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နိုင်ပွဲပျောက်ဆုံးနေတဲ့ အာတီတာရဲ့ အသင်း ကိုရှက်စရာကောင်းလောက်အောင် ပထမပိုင်း၄၅ မိနစ်အတွင်း ၃ ဂိုး ပေးခဲ့ရတဲ့  ချဲလ်ဆီးအသင်းကြောင့် အာဆင်နယ်ဟာ ၎င်းတို့၏ လတ်တလောပြဿနာများအတွက် ပြီးပြည့်စုံသော ဖြေဆေးကို တွေ့ရှိခဲ့ရပါတယ်။

ယာယီနည်းပြ လမ်းပတ်က နောက်ထပ် နာကျင်စရာကောင်းတဲ့ ရှုံးနိမ့်မှုအပြီးမှာ  ပြိုင်ပွဲအရပ်ရပ်မှာ ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တဲ့ သူ့ရဲ့အသင်းဟာ ခံစစ်ကစားဖို့ အရမ်းကောင်းတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဂယ်ရီနဗီးလ်က ၎င်း၏အင်္ဂလန် အသင်းဖော်ဟောင်းအတွက် အတိုင်းအတာတစ်ခုအထိ ခံစားခဲ့ရသော်လည်း ချဲလ်ဆီးအသင်းအတွက် ငြီးငွေ့ရုံမှတစ်ပါး ဘာမျှမမရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က Sky Sports ကို ပြောကြားရာမှာ "ဒါဟာ ကျွန်တော်မြင်ဖူးသမျှ စာရွက်ပေါ်က အကောင်းဆုံး အသင်းပါ။ ပထမပိုင်းမှာ အပျက်အစီးတွေ ဖြစ်ခဲ့ရပါတယ်။ သနားစရာပဲ။ ကမ္ဘာ့ဖလား ချန်ပီယံတွေ၊ နိုင်ငံတကာ လက်ရွေးစင်တွေ ရှိတယ်။ အရမ်းဈေးကြီးတယ်။ ကျွန်တော်မယုံနိုင်ဘူး။ လမ်းပတ်ကလည်း ဒီလိုပဲ တွေးနေလိမ့်မယ်။ သူတို့ဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အဆုံးဆုံးပဲ။ တီဗီမှာ မန်နေဂျာတစ်ယောက်ရဲ့ ပြောတဲ့စကားကို အဆ ၁၀၀ နဲ့ မြှောက်လိုက်ရင်  အဝတ်လဲခန်းထဲမှာ ဖြစ်နေတဲ့ သူတို့ရဲ့အခြေအနေတွေကို သိရတယ်။ ဒီကစားသမားတွေရဲ့ အရည်အသွေးနဲ့ ဂုဏ်ယူမှုတွေကြောင့် မင်းအဲဒီအဆင့်ကို ရောက်အောင်မလုပ်နိုင်တော့ဘူး"

"သူတို့ဟာ လီဗာပူးနဲ့ပွဲမှာ တကယ်ကို ကောင်းကောင်းကစားခဲ့ပြီး ကောင်းမွန်တဲ့ ကတိတွေရှိနေတယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဟုတ်တယ်။ သူတို့မှာ ဂိုးတွေသွင်းဖို့ ဗဟိုတိုက်စစ်ကစားသမားမှ မရှိတာ ဒါပေမယ့် ကောင်းကောင်းကစားတယ်။ ကျွန်တော်တို့မြင်ခဲ့ရတာက အရှက်တကွဲဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ထို့ပြင် ဂယ်ရီနဗီးလ်က လမ်းပတ်နှင့် ၎င်း၏ရှေ့ကနည်းပြဖြစ်ခဲ့သူ  ဂရေဟမ်ပေါ်တာအား အပြစ်တင်ကာ ကလပ်၏ပိုင်ရှင် တော့ဘိုလီအား ဘောလုံးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုအတွက် ပြစ်တင်ခဲ့ပါသေးတယ်။ ၎င်းက ဒါတွေအားလုံးက အပေါ်ကနေ လာတာပါ။ ဖရိုဖရဲဖြစ်နေပြီး ရှုပ်ပွနေပါတယ်။ တော့ဘိုလီမှာ အိပ်မက်ဆိုးတစ်ခုရှိခဲ့ပြီး ဒီလိဂ်ကို လွဲချော်ခဲ့ပါတယ်။ သူ မြန်မြန်ဆန်ဆန် သင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီရာသီမှာ ဖြစ်ပျက်ခဲ့တာတွေက သူ့ကြောင့်ချည်းပါပဲ။ သူရဲ့ ကျွမ်းကျင်မှုက  ဘောလုံးလောက မဟုတ်ပါဘူး။ သူက ပိုင်ရှင်ပဲ။  ကစားသမားတစ်ဦး မဟုတ်သလို နည်းပြလည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံမရှိတာကြောင့် ကိုယ့်နေရာမှာပဲကိုယ်နေပြီး  ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘောလုံးအသင်းကို အောင်မြင်စွာ လည်ပတ်နိုင်စေတဲ့ လူတွေကိုပဲ လုပ်ပိုင်ခွင့်ပေးဖို့လိုပါတယ်"

"ချဲလ်ဆီးရဲ့ တည်ငြိမ်မှုနဲ့ လိုက်လျောညီထွေရှိမှုကို ထိန်းသိမ်းဖို့ တစ်နှစ်လောက် ပြန်ကြိုးစားရပါမယ်။ ပီတာချက် ထွက်သွားတယ်။ တူချယ်လည်း ပွဲနည်းနည်းကိုင်ပြီးထွက်သွားတာကြောင့် ချဲလ်ဆီးအနေနဲ့ ရုတ်တရက် လုံး၀ ကမောက်ကမဖြစ်သွားတယ်။ နောက်တော့ သူတိုက အသက် ၂၂ နှစ်အရွယ် ကစားသမားတွေကို ရှစ်နှစ်စာချုပ်နဲ့ မော်ဒယ်လ်တစ်ခုဆီ ပြောင်းလိုက်တယ်။ ကိုယ်ကာယ၊ အားကစား သိပ္ပံပညာရှင်၊ ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို အလုပ်ထုတ်လိုက်တာနဲ့ လူတိုင်းကို "ဒါဟာ ငါ့အပြစ်မဟုတ်ဘူး"လို့ပြောပြီး ပေါက်ကရတွေလုပ်နေတယ်။ ချဲလ်ဆီး အသင်းမှာ အောင်မြင်တဲ့ နည်းလမ်းတစ်ခု ရှိခဲ့ပါတယ်။ ဒါက အခု တော့ဘိုလီ ဖန်တီးထားတဲ့ ဒီအရှုပ်အထွေးပါပဲ။ ဘောလုံးမန်နေဂျာ ဂိမ်းကစားသလိုမျိုး ဆိုးလိုက်တာ"လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂယ်ရီနဗီးလ် #တော့ဘိုလီ #ပရီးမီးယားလိဂ်