ရှေ့သို့
Image

ပိုချက်တီနိုကို ခန့်အပ်ဖို့ နီးစပ်နေပေမယ့် ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေမယ့် လမ်းပတ်

10:16 AM, 26 April

ချဲလ်ဆီးအသင်းဟာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ နီးစပ်နေပေမယ့် ရာသီကုန်အထိ အသင်းမှာပဲ လမ်းပတ်တစ်ယောက် ဆက်ရှိနေမယ်လို့ သိရပါတယ်။  ချဲလ်ဆီး အသင်းပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ်ဘိုလေနဲ့ အက်ဒ်ဘာလီတို့ဟာ ပေါ်တာကို ထုတ်ပယ်ပြီးနောက် အမြဲတမ်းနည်းပြခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အသက် ၄၄ နှစ်သားကတော့ ချဲလ်ဆီးအသင်းကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် ၄ ပွဲစလုံးကို အရေးနိမ့်ထားပါတယ်။ အဲ့ထဲမှာ ဝုဗ်၊ ဘရိုက်တန်နဲ့ ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်မှာ ၂ ကျော့စလုံးအရေးနိမ့်တဲ့ပွဲတွေလည်း ပါဝင်နေပါတယ်။ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုကတော့ လာမယ့်ရာသီသစ်မှာ ချဲလ်ဆီးအသင်းနည်းပြသစ်ဖြစ်လာဖွယ်ရှိနေပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ပီအက်စ်ဂျီကနေ အထုတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ကတည်းက အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းမှာ ပိုချက်တီနိုအပြင် နာဂယ်စမန်းနဲ့ အင်းနရစ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

အာဂျင်တီးနားသားဟာ တော့တင်ဟမ်မှာ ကာလရှည်နေခဲ့တာဖြစ်ပြီး ၂ သင်း ပရိသတ်တွေကြားမှာ ပြိုင်ဆိုင်မှုပြင်းထန်နိုင်တာဖြစ်ပါတယ်။ ဒ့ါအပြင် တော့တင်ဟမ်ကိုလည်း ချန်ပီယံလိဂ်ဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဆုဖလားရခဲ့နီးအထိ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်လည်း နီးစပ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုကို တော့တင်ဟမ်က ကွန်တီနေရာအတွက် ချိတ်ဆက်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အမှန်တကယ်ကော့ ချိတ်ဆက်ခဲ့ခြင်းတောင်မရှိတာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပိုချက်တီနို #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်