ရှေ့သို့
Image

ဆိုလီမာ့ချ် ပင်နယ်တီမလွဲမီ ဘောလုံးကို အနမ်းပေးခဲ့တဲ့ ဝက်ဂ်ဟော့စ်ရဲ့ လုပ်ရပ် လူပြောစရာဖြစ်နေ

4:40 PM, 24 April

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ ဝင်ဘာလေကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယူနိုက်တက်အသင်းက ပင်နယ်တီမှာ ၆ - ၅ ဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့သလို ဘရိုက်တန် တိုက်စစ်မှာ ခြေစွမ်းပြခဲ့တဲ့ ဆိုလီမာ့ချ် ပင်နယ်တီ မလွဲချော်ခင် ဘောလုံးကို နမ်းနေခဲ့တဲ့ ဝက်ဂ်ဟော့စ်ရဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး လူပြောများစရာဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားရရိုရေးအတွက် အဓိက အာရုံစိုက်လာတဲ့ ယူနိုက်တက် အသင်းက ဆီမီးဖိုင်ပွဲစဉ်ဖြစ်တာကြောင့် နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ပြီး ဝင်ဘာလေကွင်းအတွင်းမှာ အသာစီးရရန်ကြိုးစားလာခဲ့ပေမဲ့ ပွဲကစားချိန်အတွင်းမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့တာကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း အတွက် ၅ ကြိမ်မြောက် ပင်နယ်တီကို ဝက်ဟော့စ်က ကန်သွင်းယူအပြီးမှာ ကစားသမားတွေ အတွက် သတ်မှတ်နေရာကို ချက်ချင်းမပြန်သေးဘဲ ဆိုလီမာ့ချ်အနားရောက်သည်အထိ ဘောလုံးကို အနမ်းပေးနေခဲ့ပြီး ဆိုလီမာ့ချ်ကန်သွင်းရာမှာ ပင်နယ်တီလွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရော ဘရိုက်တန်အသင်းပါ အချိန်ပို မိနစ် ၃၀အတွင်းမှာ အခွင့်အရေး အနည်းငယ်ရခဲ့ကြပေမဲ့ သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းစေခဲ့ရာတွင် ယူနိုက်တက်အသင်းအတွက် ၆ကြိမ်မြောက် ပင်နယ်တီကို လင်ဒီလော့ဖ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့အပြီးမှာ ဝက်ဂ်ဟော့စ်က ဝမ်းသာအားရဖြင့် မြက်ခင်းပြင်ပေါ်မှာ တစ်ကိုယ်တည်း ဒူးတိုက်လျှောထိုးကာ အောင်ပွဲခံနေခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဝက်ဂ်ဟော့စ်