ရှေ့သို့
Image

ချဲလ်ဆီးကွင်းလယ်လူ ကန်တီကို ခေါ်ယူဖို့ စုံစမ်းမှုပြုလုပ်ခဲ့တဲ့ အာဆင်နယ်

2:45 PM, 14 April

ပြင်သစ်နိုင်ငံသားဟာ ချဲလ်ဆီးနှင့်သက်တမ်းနိုင်ခြင်းမရှိသေးသလို အာဆင်နယ်ဟာ ကန်တီအတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။


စတန်းဖို့ဒ်ဘရစ်ချ်ရှိ ကန်တီရဲ့အနာဂတ်က မသေချာနေတာဖြစ်ပြီး ပြင်သစ်နိုင်ငံသားရဲ့လက်ရှိစာချုပ်က ယခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ကန်တီးဟာ စာချုပ်အတွက် ချဲလ်ဆီးနှင့်ဆွေးနွေးဖို့ အလားအလာရှိနေသော်လည်း စာချုပ်မချုပ်ဆိုနိုင်သေးတာကြောင့် အာဆင်နယ်ဟာ သူ့ကိုခေါ်ယူဖို့ စုံးစမ်းမှုတွေလုပ်လာတာဖြစ်ပါတယ်။ အနာဂတ်နှင့်ပတ်သက်ပြီး ရှင်းလင်းမှုမရှိသေးသော်လည်း ကန်တီကတော့ ဗြိတိန်ရှိမြို့တော်မှာသာ ဆက်ကစားရဖို့ရှိနေပါတယ်။


"ကန်တီက သူ့ရဲ့ကစားသမားဘဝကို လန်ဒန်မှာသာဆက်ရှိချင်နေပါတယ်။ သူဟာ ကွန်တီအတူ လက်တွဲလုပ်ရတာကို သဘောကျခဲ့သော်လည်း အီတလီသားကို တော့တင်ဟမ်က ထုတ်ပယ်လိုက်ကာ အာဆင်နယ်က ကွင်းလယ်ကစားသမားအတွက် စုံစမ်းမှုများလုပ်ခဲ့တာဖြစ်ပါတယ်။ ကန်တီက ချဲလ်ဆီးမှာပဲဆက်ရှိချင်နေတယ်လို့ ထင်ပါတယ်" လို့ အမည်မဖော်လိုတဲ့ ကန်တီရဲ့အဖွဲ့ဝင်တစ်ဦးက Le Parisien သို့ပြောပါတယ်။


ကန်တီရဲ့စာချုပ်အခြေအနေကို ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေကြသော်လည်း ဆွေးနွေးမှုတွေက ရပ်တန့်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီအစမှာ ဒဏ်ရာတွေရရှိခဲ့ပြီးနောက် အချိန်အတော်ကြာအောင်နားခဲ့ရကာ ပြန်ကောင်းလာပြီဖြစ်သော်လည်း ရာသီက ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ယာယီနည်းပြ လမ်းပတ်ကတော့ ကန်တီကို သဘောကျသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နှင့်ကစားမယ့် ကွာတားဖိုင်နယ်တိုင်ခင်မှာ အထူးကစားသမားတစ်ဦးကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။


လာမယ့် အင်္ဂါနေ့ ရီးရဲလ်မက်ဒရစ်နှင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားမယ့် ဒုတိယအကျော့မတိုင်ခင် စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်နှင့်ပွဲမှာ ကန်တီက ပါဝင်ကစားနိုင်နေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #အပြောင်းအရွှေ့ #ကန်တီ #ပရီးမီးယားလိဂ်