ရှေ့သို့
Image

တောင်ကိုရီးယား လက်ရွေးစင်နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဂျာဂင်ကလင်းစမန်း

10:15 AM, 28 February

တောင်ကိုရီးယားအသင်းက နည်းပြသစ်အဖြစ် ကလင်းစမန်းကို ခန့်အပ်ခဲ့တယ်လို့ တနလာၤနေ့က ကြေညာလိုက်ပါတယ်။

ဂျာမနီနည်းပြဟောင်း ကလင်းစမန်းဟာ ယခင်ကိုရီးယားနည်းပြဟောင်း ဘန်တိုနေရာမှာ အစားဝင်မှာဖြစ်ပြီး ဘန်တိုဟာ ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်မှာ ဘရာဇီးကို အရေးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ လျော့ချခံခဲ့ရတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းကတော့ ကလင်းစမန်းဟာ အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် စာချုပ်ချုပ်ဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေကတည်းက တောင်ကိုရီးယားအသင်းက တိုးတက်လာခဲ့သလို အောင်မြင်တဲ့ရလဒ်တွေ ယူနိုင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီလိုအသင်းမျိုးကို နည်းပြခွင့်ရလို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ အသင်းကို လာမယ့် အာရှဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားတွေမှာ အောင်မြင်မှုရအောင် လုပ်ဆောင်ပေးသွားမှာပါ”လို့ ကလင်းစမန်းက ပြောကြားခဲ့ပါတယ်။

၁၉၉၈ တုန်းက ကစားသမားဘဝကနေ အနားယူခဲ့ပြီး ဂျာမနီအသင်းကို ၂၀၀၄ ကနေ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားမှာ တတိယနေရာရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းကိုလည်း ၂၀၀၈ - ၂၀၀၉ ခုနှစ်မှာ ကိုင်တွယ်ခဲ့ကာ အဲ့နောက် ၂၀၁၁ ကနေ ၂၀၁၆ အထိ အမေရိကန်အသင်းမှာ နည်းပြခဲ့ပါတယ်။
အသက် ၅၈ နှစ်သားဟာ အမေရိကန်အသင်းကို ၂၀၁၃ ကွန်ကာကက်ဖ်ဖလားရအောင် ဦးဆောင်နိုင်ခဲ့သလို အဆိုပါပြိုင်ပွဲရဲ့ အကောင်းဆုံး နည်းပြဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ကလင်းစမန်းတစ်ယောက် တောင်ကိုရီးယားအသင်းကို မတ်လ ၂၄ ရက်နေ့မှာ ကစားမယ့် ကိုလံဘီယာနဲ့ခြေစမ်းပွဲမှာ စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။

#ဂျာမနီ #အပြောင်းအရွှေ့ #တောင်ကိုရီးယား #ကလင်းစမန်း