ရှေ့သို့
Image

ကန်တီရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်လာ

1:51 PM, 27 March

ချဲလ်ဆီးရှိ ကန်တီရဲ့ စာချုပ်သစ်ဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီလို့ သိရှိရပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ သူ့ရဲ့အနာဂတ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်နေပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့အပါအဝင် ဥရောပထိပ်တန်းကလပ်တွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ မကြာသေးမီလတွေမှာ ကန်တီဟာ စတန်းဖို့ဒ်ဘရစ်ချ်တွင် ဆက်လက်ရှိနေဖို့ နီးစပ်လာတာကို မြင်တွေ့ခဲ့ရပြီး စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေက တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဖာဘရီဇီယိုရိုမနိုရဲ့ ဖော်ပြချက်အရ ယခုဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေအတွက် ဖြေရှင်းဖို့လိုနေတာလည်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားက အနောက်လန်ဒန်မှာ ဆက်နေဖို့ စိတ်အားထက်သန်နေပြီး ချဲလ်ဆီးအသင်းအပေါ် ကန်တီရဲ့ အပြုသဘောဆောင်သော ခံစားချက်တွေက စေ့စပ်ညှိနှိုင်းမှုတွင် အဓိကကျတဲ့အချက် ဖြစ်ကြောင်း ရိုမန်နိုက ပြောကြားခဲ့ပါတယ်။

ကန်တီဟာ ချဲလ်ဆီးအသင်းနဲ့ နောက်ထပ် ၁ နှစ်သက်တမ်းတိုးရန် ရွေးချယ်ခွင့်ပါရှိတဲ့အချက်ဖြင့် ၂၀၂၅ ခုနှစ်အထိ ၂ နှစ် စာချုပ် ချုပ်ဆိုဖို့ မျှော်လင့်ထားပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ၂၀၁၆ ခုနှစ်တွင် လက်စတာကနေ ပေါင် ၃၂ သန်းဖြင့် ရောက်ရှိလာပြီးနောက် ပထမအသင်းမှာ အရေးပါကစားသမားဖြစ်ခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်တွင်ရှိနေတဲ့ ၇ နှစ်ကာလအတွင်း ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဆုဖလားများရရှိအောင် ကူညီပေးခဲ့သဖြစ်ပါတယ်။

ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဩဂုတ်လက တော့တင်ဟမ်နဲ့ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ဒုတိယပွဲအပြီး ကတည်းက ကန်တီက ပယ်ချမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ကန်တီဟာ အဆိုပါပွဲတွင် တံကောက်ကြောဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သောကြောင့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာလည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

ကွင်းလယ်ခံစစ်ကစားသမားဟာ ယခုလအစောပိုင်းတွင် လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ပြီးခဲ့သည့်စနေနေ့က အဲဗာတန်နှင့် သရေကျခဲ့တဲ့ပွဲရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကန်တီဟာ အဆိုပါပွဲစဉ်အတွက် လူစားမဝင်ရောက်ခဲ့ရသော်လည်း ချာလ်တန်နှင့် တံခါးပိတ်ကစားခဲ့တဲ့ ခြေစမ်းပွဲ၌ တစ်နာရီကြာ ကစားခဲ့ပြီးနောက်ပိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ကလပ်အတွက် သူ့ရဲ့ အရေးပါမှုကရှိနေပြီး နည်းပြ ဂရေဟမ်ပေါ်တာကတော့ သူ့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ကစားနိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

"အချိန်အတော်ကြာအောင်နားခဲ့ရတာကြောင့် ကန်တီနဲ့ပတ်သက်ပြီးက ရှုပ်ထွေးပါတယ်" "ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ပွဲတွေမှာ အရှိန်မြှင့်ကစားဖို့ သူ့ကို ဘယ်လိုမျိုး ပြန်ရမလဲဆိုတဲ့အရာက ကိစ္စတစ်ခုပါပဲ။ မိနစ် ၉၀ လောက် မကစားနိုင်တော့ပေမယ့် သူက ကျွန်တော်တို့နဲ့ အတူရှိနေတာက စိတ်လှုပ်ရှားစရာပါပဲ" လို့ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်တွင် ဒေါ့မွန်ကို အနိုင်မကစားမီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပေါ်တာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး  နိုင်ငံတကာပွဲစဉ်များအပြီး ဧပြီလ ၁ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်မကစားမီ ချဲလ်ဆီးဟာ လီဗာပူး၊ ဝုဖ်တို့နှင့် ကစားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ကန်တီ #ပရီးမီးယားလိဂ်