ရှေ့သို့
Image

တော့တင်ဟမ် အသင်းမှာ ရုန်းကန်နေရပေမဲ့ ကွန်တီအပေါ် လေစားမှုရှိတဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ ကူလူဆက်ဗ်ကီး

3:48 PM, 23 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသရန် ရုန်းကနေရသလို ဥရောပချန်ပီယံလိဂ် ၁၆သင်း အဆင့်တွင် အီတလီကလပ် အေစီမီလန်အသင်းကို အရေးနိမ့်ကာ ကွာတားအဆင့်ကို ဝင်ရောက်ကစားခွင့်မရခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေရချိန် နည်းပြ ကွန်တီရဲ့ ပြောဆိုချက်တွေကြောင့် နည်းပြ ရာထူးမှ ထုတ်ပယ်ခံရနိုင်တဲ့အထိ သတင်းကြီးလာတဲ့ ကွန်တီဘက်ကနေ ကူလူဆက်ဗ်ကီးက ရပ်တည်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ၃ဂိုး - ၃ဂိုး သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ကစားသမားတွေအပေါ် အကြီးအကျယ်တည့်တိုးဝေဖန်ခဲ့တာကြောင့် အဓိက ကစားသမားအချို့နဲ့ မသင့်မမြတ်ဖြစ်ကာ နားလည်မှုလွဲမှားနေချိန် ဂျူဗင်တပ်စ်အသင်းကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ ရောက်လာခဲ့တဲ့ ကူလူဆက်ဗ်ကီးက နည်းပြကြီးကွန်တီဘက်ကနေ ရပ်တည်ကာ လေစားမှုရှိကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

ကူလူဆက်ဗ်ကီးအနေဖြင့် နည်းပြ ကွန်တီရဲ့ လက်အောက်တွင် ဆက်လက်ကစားလို ချိန်မှာ အဓိကွင်းလယ်ကစားသမား ဟိုဘ်ဂျက်အပါအဝင် ကစားသမားအချို့က ဆက်ကစားလိုသလားဆိုတာ မသေချာချိန်မှာ တောင့်တင်ဟမ် ဥက္ကဌဖြစ်သူ ဒန်နီယယ်လီဗိုင်းက လက်ကျန်ပွဲစဉ်တွေအတွက် အသက် ၃၁နှစ်အရွယ် ရိုင်ယန်မေဆန်ကို ယာယီနည်းပြ အဖြစ်ခန့်အပ်ကာ ရာသီကုန်မှာ မာရီစီယို ပိုချက်တီနိုအား ခန့်အပ်နိုင်ကြောင်း သတင်းထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

နည်းပြ ကွန်တီအပေါ် သဘောထားအမြင်နဲ့ ပတ်သက်လို့ ကူလူဆက်ဗ်ကီးက“ကျွန်တော်တို့ ကစားသမားတွေအပေါ် နည်းပြ ကွန်တီအနေဖြင့် စိတ်အချဉ်ပေါက်နေသလားဆိုတာ သေချာမသိပါဘူး။ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးက ထွက်ရတဲ့အခါ ကျွန်တော်တို့ အားလုံး စိတ်ဆိုးဒေါသထွက်ခဲ့ကြရတာပါပဲ” “နည်းပြ ကွန်တီ အနေဖြင့်လည်း ဒီအတိုင်း ဒေါသထွက်နေခဲ့တာပါ။ သူပြောတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က လေးစားမှုရှိရပါမယ်။ ကျွန်တော်ကတော့ သူ့ရဲ့ လက်အောက်မှာ ကြိမ်းသေပေါက် ဆက်ကစားချင်ပါတယ်”လို့ ကာကွယ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ကူလူဆက်ဗ်စကီး #ပရီးမီးယားလိဂ်