ရှေ့သို့
Image

တော့တင်ဟမ်က သူ့ကို ထုတ်ပယ်နိုင်ပါတယ်လို့ ပြောဆိုခဲ့တဲ့ ဟာသအပေါ်ရှင်းလင်းလိုက်တဲ့ ကွန်တီ

2:00 PM, 18 March

ရာသီမကုန်မီထုတ်ပယ်ခံရနိုင်တယ်လို့ ပြောဆိုလိုက်တာက ရိုးစင်းစွာ ဟာသလုပ်ပြောကြားခြင်းဖြစ်ပါတယ်လို့ တော့တင်ဟမ်နည်းပြ ကွန်တီက ပြောဆိုလိုက်ပါတယ်။

ကွန်တီရဲ့စာချုပ်က နွေရာသီမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်သော်လည်း တော့တင်ဟမ်ရဲ့ အေစီမီလန်အား ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် အဆိုပါအရှုံးကိုတုန့်ပြန်တဲ့ အနေနဲ့ ကလပ်က ထုတ်ပယ်တဲ့အထိ မလုပ်လောက်ဘူးလို့ ဆိုထားပါတယ်။ သူဟာ ရိုးစင်းစွာ ဟာသလုပ်ခဲ့တာဖြစ်ကြောင့် အဆိုပါမှတ်ချက်နဲ့ပတ်သက်ပြီး တော့တင်ဟမ်ရဲ့ ဆောက်သမ်တန်နှင့် ကစားမယ့်ပွဲမတိုင်ခင်မှာ ကွန်တီက ပြောထားပါတယ်။

"ဒါက ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဟာသလုပ်လိုက်တာပါ" လို့ ကွန်တီက ပြောပါတယ်။
"ခင်ဗျားတို့က အနာဂတ်ကြောင်းမေးတယ်။ ကလပ်နေနဲ့ ထုတ်ပယ်ကောင်း ထုတ်ပယ်နိုင်တာကြောင့်  ဘာတွေဖြစ်မလဲဆိုတာမသိဘူးလို့ ပြန်ဖြေတာပါ။ ထပ်ပြောရမယ်ဆိုရင် ကလပ်က အဲ့ဒီလိုလုပ်မယ်လို့ မထင်မိပါဘူး။ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေက ကလပ်အတွက် လုပ်နေတယ်လို့ ကလပ်ကနေ့တိုင်း မြင်နေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ဘအနာဂတ်အတွက် အဖြေတစ်ခုသာဖြစ်ပါတယ်" "ရာသီကုန်အထိ ဒီနည်းပြက အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောနိုင်တဲ့ကလပ်တစ်ခုမှမရှိပါဘူး။ ဘောလုံးဆိုတာက တကယ့်ကိုထူးဆန်းပါတယ်။ မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ခင်များလည်းမသိနိုင်သလို ဒါကိုလည်း နားလည်မှာပါ" လို့ ကွန်တီက ထပ်လောင်း ပြောကြားလိုက်ပါတယ်။

အနာဂတ်အပေါ် မသေချာမှုက တကယ်တော့ တော့တင်ဟမ်နှင့်အတူ သူ့ရဲ့လုပ်ဆောင်မှုက အပြုသဘောဆောင်တဲ့ ထင်ဟပ်မှုလို့ ကွန်တီက ပြောထားပါတယ်။ "ထပ်ပြောရရင် ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေက အားလုံးလုပ်ဆောင်ဖို့ အချိန်တိုင်း ကြိုးစားနေတယ်လို့ မြင်မိပါတယ်။ ဒါကိုလည်း ကလပ်က အသိအမှတ်ပြုတယ်လို့ထင်ပါတယ်။ စာချုပ်အသစ်ချုပ်တော့မလားလို့ ခင်များတို့က ဆက်တိုက်မေးနေကြခြင်းက ကလပ်အနေနဲ့ တစ်နှစ်ခွဲအတွင်း ကျွန်တော်တို့လုပ်နေတဲ့အလုပ်ကို သဘောကျတယ်ဆို ဆိုလိုတာဖြစ်နိုင်ပါတယ်" လို့ ကွန်တီက ပြောပါတယ်။

ကွန်တီဟာ နွေရာသီမှာ တော့တင်ဟမ်ကနေထွက်ခွာဖွယ်ရှိနေပြီး ကလပ်အနေနဲ့လည်း နောက်ထပ် ၁၂ သက်တမ်းတိုးခွင့်ကို ငြင်းပယ်ဖို့ပြင်ဆင်နေလို့ 90min က သတင်းရရှိထားပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်