ရှေ့သို့
Image

ဟာလန်းရဲ့ ဂိုးတွေက လွယ်လွယ်ကူကူရနေတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်လိုက်တဲ့ အီဒါဆန်

12:25 PM, 21 February

ဟာလန်းသည် ယခုနှစ်ရာသီတွင် မန်စီးတီးအတွက် ၃၂   ဂိုး သွင်းယူထားပြီး အဆိုပါနော်ဝေကစားသမား၏ ကြိုးစားအားထုတ်မှုအားလုံးသည် “လွယ်ကူသည်” ဟူသော အကြံပြုချက်မှန်သမျှကို မန်စီးတီး ဂိုးသမားဖြစ်သူ အီဒါဆန်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ အဝေးကန်ချက်တွေကနေ ဂိုးအများကြီးမသွင်းယူနိုင်ပေမယ့် သူဟာ ၁၈ကိုက်စည်းထဲမှာတော့ အချိန်မှန်မှာ နေရာမှန်မှာရှိနေတာက သူ့ရဲ့ ဘောလုံးနဲ့ပက်သက်တဲ့ အနုပညာဆန်တဲ့ ကစားပုံဖြစ်ပြီး ပြီးပြည့်စုံအောင်ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူဟာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဟက်ထရစ်လေးကြိမ်နဲ့ စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အဆုံးသတ်နိုင်မှုအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီး အသင်းဖော်တစ်ဦးဖြစ်သူ အီဒါဆန်ဟာ ပြိုင်ဖက်အနေနဲ့ သူ့ကို ရင်ဆိုင်ရမယ့်အစား အီတီဟတ်ကွင်းမှာ သူ့လို အခြားကမ္ဘာ့စူပါစတားတစ်ယောက်နဲ့အတူ ရှိရလို ဝမ်းသာနေကြောင်းပြောကြားခဲ့ပါတယ်။

မန်စီးတီး၏ ဘရာဇီးလ်ဂိုးသမားသည် ယူအီးအက်ဖ်အေ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် “သူရောက်လာချိန်မှာတော့ ကျွန်တော်တို့ကို ဂိုးတွေအများကြီး သွင်းမယ်လို့ ပြောခဲ့ပြီး အဲဒါတွေကတကယ်ဖြစ်ခဲ့ပါတယ်။ သူက ထက်မြက်တဲ့ ဂိုးသွင်းသူဖြစ်ပြီး ဂိုးသွင်းဖို့နဲ့ အသင်းကို ကူညီဖို အမြဲကြိုးစားနေသူပါ။ သူက ကျွန်တော်တို့လိုအပ်နေတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်၊ ဂျီဆပ် နဲ့ ဟာလန်းက မတူညီတဲ့ ကစားသမားတွေ ဖြစ်ပြီး ဂျီးဆပ်က ဘောလုံးကို ဘောက်စ်အပြင်ကနေဆွဲဝင်လာရတာကို နှစ်သက်ပြီး စွယ်စုံရတဲ့တိုက်စစ်မှူးတစ်ယောက်ပါ၊ ဟာလန်းက ဘောက်စ်ထဲမှာပဲဂိုးရဖို့ အခွင့်အရေးတွေကို ဖန်တီးနိုင်တဲ့သူပါ။ အဲဒါက အဓိက ကွာခြားချက်ဖြစ်ခဲ့ပါတယ်။ “သူသွင်းတဲ့ ဂိုးအများစုဟာ လွယ်ကူတယ်လို့ လူတော်တော်များများက ပြောကြပေမယ့် ဒါဟာ လိမ်ညာမှုပါပဲ။ သူ့မှာ အကောင်းဆုံး စွမ်းရည်တွေရှိပါတယ် ။ သူက ပြီးစလွယ် ဂိုးမသွင်းဘူး။ သူ့ကိုယ်ဟန် အနေအထား အရမ်းကောင်းတယ်။ သူထပ်ပြီး ဂိုးတွေ အများကြီး သွင်းနိုင် ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကို ပျော်ရွှင် စေ ပြီး ဆုဖလား အားလုံး အတွက် အတူ ဆက်လက် လက်တွဲလုပ်ဆောင် သွားမှာပါ"ဟု အီဒါဆန်က သူ့အသင်းဖော်အားဝေဖန်မှုတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

မန်စီးတီးသည် ဟာလန်း၏ကို ၂၀၂၂ ခုနှစ်နွေရာသီတွင်ရယူရန် ပြိုင်ဘက်အသင်းများနှင့်အပြိုင် ပေါင် ၅၁ သန်း (ဒေါ်လာ ၆၁ သန်း) ဖြင့် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ထံမှ ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဟာလန်းသည် ပက်ဂွာဒီယိုလာ၏ ကစားဟန်နှင့် ကိုက်ညီမှုရှိ မရှိ ထူးဆန်းသောမေးခွန်းများကို ရင်ဆိုင်နေရသော်လည်း ၎င်း၏အေးဂျင့် ရာဖယ်လာက ၎င်း၏ဈေးနှုန်းသည် ယခုအခါ ယူရို ၁ ဘီလီယံ (ပေါင် သန်း ၈၉၀) ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #အီဒါဆန် #ပရီးမီးယားလိဂ်