ရှေ့သို့
Image

ဘယ်အချိန်မှာ ဘာစီလိုနာထံပြန်လာမလဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်တဲ့ မက်ဆီ

8:48 AM, 4 February

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီက သူ့အနေနဲ့ လက်ရှိအနေအထားမှာ ဘာစီလိုနာကိုပြန်လာဖို့မရှိပေမယ့် အနားယူူပြီးချိန်မှာတော့ ပြန်လာနိုင်တယ်လို့ ဆိုပါတယ်။

အာဂျင်တီးနားဟာ ၂၀၂၁ တုန်းက ဘဏ္ဍာရေးအခက်အခဲကြောင့် ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ကာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီနဲ့စာချုပ်သစ်ကိစ္စကလည်း အဆင်မပြေဖြစ်နေပါတယ်။

စာချုပ်သစ်အဆင်မပြေမှုနဲ့အတူ မက်ဆီတစ်ယောက် အသင်းပြောင်းမယ့်သတင်းတွေက ထွက်နေပြီး မေဂျာလိဂ်ကလပ်ဖြစ်တဲ့ အင်တာမိုင်ယာမီက ခေါ်ယူချင်နေပါတယ်။

သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ မက်ဆီက စပိန်ပြန်မယ့်အပေါ် “ကျွန်တော့်ကစားသမားပြီးဆုံးခဲ့ရင်တော့ ဘာစီလိုနာမှာ ပြန်နေနိုင်ပါတယ်။ အဲ့တာက ကျွန်တော့်အိမ်ပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ မက်ဆီအတွက် အမြဲတမ်းတံခါးဖွင့်ထားသလို အသင်းဥက္ကဌ လာပေါ်တာကလည်း အာဂျင်တီးနားသားကို အသင်းထံပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

မက်ဆီကလည်း ဘာစီလိုနာကိုပြန်မယ့်အပေါ် မငြင်းဆန်ထားသလို ဘာစီလိုနာအတွက် ၇၇၈ ပွဲမှာ ၆၇၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းနဲ့အတူ လာလီဂါ ၁၀ ကြိမ် ၊ ချန်ပီယံလိဂ် ၄ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

#ဘာစီလိုနာ #ဘာစီလိုနာ #ပီအက်စ်ဂျီ #မက်ဆီ