ရှေ့သို့
Image

ဘန်လေနဲ့ပွဲမှာ ဒိုင်ဗင်ထိုးခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်ကို ဝေဖန်လိုက်တဲ့ အလန်ရှီးယား

12:58 PM, 29 April

သရဲနီတွေဟာ စနေနေ့က အိုးလ်ထရက်ဖို့ဒ်မှာ ဘန်လေနဲ့ ၁-၁ ဂိုး သရေကျခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သို့ တန်းတက်လာတဲ့ အသင်းနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ပါဘူး။ မန်စီးတီးကစားသမားဟောင်း ကွန်ပနီကိုင်တွယ်နေတဲ့ ဘန်လေအတွက် အထင်ကြီးလောက်စရာ ရလဒ်တစ်ခုဖြစ်ပြီး အသင်းကတော့ တန်းဆင်းပြီး ချန်ပီယံရှစ်ကို ပြန်မရောက်ဖို့ မျှော်လင့်နေပါတယ်။

တန်ဟက်ရဲ့အသင်းကတော့ သီးခြားဖြစ်ရပ် ၃ ကြိမ်အတွက် ပင်နယ်တီပေးသင့်တယ်လို့ ယူဆထားပြီး ထို ၃ ကြိမ်အနက် ၂ ကြိမ်တွင် ဂါနာချို ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ ဂါနာချိုဟာ ဘန်လေကြယ်ပွင့် ဘာဂီနှင့် ထိခဲ့ပြီးနောက် ဂိုးဧရိယာအတွင်း လဲကျသွားခဲ့ပြီး နောက်ပိုင်း အိုရှီးယားနှင့် ဘောလုံးယှဉ်အလုမှာလည်း ဒိုင်ဗင်ထိုးခဲ့တဲ့ပုံပေါက်နေတာဖြစ်ပါတယ်။

"ဒိုင်လူကြီးက မှန်ကန်ခဲ့ပါတယ်" လို့ ရှီးယားရားက Match of the Day မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် ၂ ခုနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ "ဂါနာချိုက ဘာဂီနဲ့ ထိခိုက်မိသွားဖို့အတွက် ကြိုးစားနေတာပါ။ ထိသွားဖို့အတွက် ညာခြေထောက်ကို ဆန့်ထုတ်လိုက်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ပင်နယ်တီ မပေးသင့်ပါဘူး။ ဒုတိယတစ်ခုလကည်း ဒိုင်ဗင်ထိုးလိုက်တာဖြစ်ပြီး သူ့အနေနဲ့ အဝါကတ်မပြခံရတာ ကံကောင်းပါတယ်" လို့ ပြောပါတယ်။

အန်တိုနီရဲ့ ကန်ချက်ကြောင့် ဘန်လေနောက်ခံလူ ဗီတင်ဟိုရဲ့လက်ကို ထိမိသွားတဲ့အခါ ပင်နယ်တီပေးသင့်တယ်လို့လည်း ယူနိုက်တက်က ယူဆခဲ့ပါတယ်။

ရှီးယားက "ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မှန်ပြန်ပါပြီ။ သူနဲ့ အရမ်းကို နီးလွန်းပါတယ်။ သူ့လက်တွေက သူ့ဘေးမှာရှိနေပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ၃ ခုစလုံး မှန်ခဲ့ပါတယ်" လို့ ပြောပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်က ဘန်လေနဲ့ ပွဲအပြီးတွင် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး "ကျွန်တော်တို့အနိုင်ရဖို့လိုအပ်ပါတယ်" "ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကျွန်တော်တို့ အနိုင်ရတဲ့ နေရာတစ်ခုကိုရခဲ့ပြီး အဲဒါကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒီရာသီရဲ့ ကွာဟချက်က အရမ်းကြီးမားပါတယ်" "ပွဲရဲ့အဆင့်များစွာကို ကျော်ဖြတ်ပြီး ကျွန်တော်တို့ အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့က ဂိုးတွေထပ်ပြီး ပေးခဲ့ရပါတယ်"

"ကျွန်တော်တို့က ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ရမှာပါ။ အမှားလုပ်ထားပေမယ့် တာဝန်ယူထားပြီး အသင်း တစ်သင်းအတွက်ရော နည်းပြတစ်ယောက်အတွက်ပါ ဘာကိုဆိုလိုတယ်ဆိုတာ သူတို့နားလည်သင့်ပါတယ်"လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #အလန်ရှီးယား #ပရီးမီးယားလိဂ်