ရှေ့သို့
Image

သတ်မှတ်ဈေးပေါင် ၆ ဘီလီယံ မရပါက ယူနိုက်တက် အသင်းကို ရောင်းထုတ်သွားဦးမှာ မဟုတ်တဲ့ ဂလေဇာမိသားစု

1:27 PM, 25 January

ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားအပြီးမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရကာ ဆုဖလားရရှိမှု နည်းပါးနေတာကြောင့် သရဲနီပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့အတူ ဖိအားတွေကြား ရောက်ရှိနေတဲ့ ယူနိုက်တက် အသင်းပိုင်ရှင် အမေရိကန်လူမျိုး ဂလေဇာမိသားစုအနေဖြင့် ယူနိုက်တက်အသင်းကို ရောင်းချသွားဖို့ ပြင်ဆင်လျှက်ရှိနေတာမှန်ပေမဲ့ တောင်းဆိုထားတဲ့ ပေါင် ၆ဘီလီယံဖြင့်သာ လက်ခံဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

ဂလေဇာမိသားစုအနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၀၅ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတောအတွင်းမှာ ကစားသမားဖြည့်တင်းရေးဆိုင်ရာအပြင် စီမံခန့်ခွဲမှုအပိုင်းအားနည်းချက်တွေကြောင့် ယူနိုက်တက် ပရိသတ်တွေရဲ့ ဆန္ဒပြကန့်ကွက်မှုတွေ အကြိမ်များစွာ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရေနံနဲ့ဓာတုကုမ္ပဏီတစ်ခုဖြစ်တဲ့ Ineos ရဲ့ ပိုင်ရှင် ဗြိတိန်ပြည်ထောင်စုရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ယူနိုက်တက်အသင်းကို ဝယ်ယူနိုင်ရေးအတွက် အချက်အလက်ပိုင်းဆိုင်ရာ လေ့လာမှု ပြုလုပ်နေတဲ့အကြောင်း ကိုယ်တိုင်အတည်ပြု ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာ ယူနိုက်တက် အသင်းကို ဝယ်ယူလိုသူ လုပ်ငန်းရှင်တွေဘက်မှာ တရားဝင်ကမ်းလှမ်းမှု တစ်စုံတစ်ရာ ပြုလုပ်ထားကြသေးခြင်းမရှိသေးသလို တွဲဖက်အမှုဆောင်ချူပ်အဖြစ် လုပ်ဆောင်နေတဲ့ ဂျိုးလ်ဂလေဇာကလည်း ယူနိုက်တက်အသင်းရဲ့ အရေးပါတဲ့ နေရာမှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ရုရှရေနံလုပ်ငန်းရှင် ရိုမန်အေဗရာမိုဗစ်ချ်က ချဲလ်ဆီးအသင်းကို ပေါင် သန်း ၁၄၀ဖြင့် ဝယ်ယူကာ ရင်းနှီးမြှပ်နံမှု အချို့ပြုလုပ်ရင်း ပြီးခဲ့တဲ့ နှစ်မှာ အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီကို ပေါင် ၂.၅ဘီလီယံဖြင့် ပြန်လည် ရောင်းချခဲ့အပြီးမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ဈေးကွက်က များစွာလှုပ်ခက်စေခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ဂလေဇာ #ပရီးမီးယားလိဂ်