ရှေ့သို့
Image

ချဲလ်ဆီး လူငယ်ကစားသမား လီဗီကိုဝဲလ်က ဖိုဖာနာနှင့် ဘာဒီယာရှီလီတို့ထက် ပိုကောင်းတယ်လို့ ပြောကြားလိုက်တဲ့ ဖာဒီနန်

10:42 AM, 17 May

ပြီးခဲ့အပြောင်းအရွှေ့ ၂ ခုတွင် ချဲလ်ဆီးဟာ ကစားသမားအများအပြားကို ခေါ်ယူခဲ့တာဖြစ်ပြီး ဖိုဖာနာကလည်း လက်စတာစီးတီးကနေ ပေါင်သန်း ၇၀ ဖြင့် နာပိုလီက ပေါင် ၃၃ သန်းဖြင့် ရောက်လာခဲ့တဲ့ ကူလီဘာလေနှင့်အတူ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ကူကူရယ်လာက ရောက်လာခဲ့သလို ဇန်နဝါရီဈေးကွက်မှာ ဘက်ဒီယာရှီလီကလည်း မိုနာကိုကနေ ရောက်လာခဲ့ပါတယ်။ လက်ရှိရာသီ လိဂ် ၃၆ ပွဲတွင် သွင်းဂိုး ၄၁ ဂိုးသာ ရရှိထားပြီး အငှားချထားတဲ့ လူငယ်ကစားသမားလေးဖြစ်တဲ့ ကိုဝဲလ်ကတော့ အထူးခြေစွမ်းပြနေတာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားဟာ နွေရာသီတုန်းက ဘရိုက်တန်သို့ တစ်ရာသီအငှားဖြင့် သွားရောက်ခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ ချဲလ်ဆီး ကစားသမားတွေရဲ့ အနာဂတ်က မသေချာမှုရှိနေတာကြောင့် သူ့အပေါ်ကမ်းလှမ်းမှုတွေကို ကလပ်က ငြင်းပယ်ခဲ့ခြင်းနဲ့အတူ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကိုဝဲလ်က တောက်ပလာနိုင်ပါတယ်။

ဒီနွေရာသီမှာ ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးလူယ်ကစားသမားတွေကို ခေါ်ယူနိုင်ဖွယ်ရှိသလားလို့မေးရာတွင် ဖာဒီနန်က VIBE သို့ "ကျွန်တော့်တို့ သူ့ကို မခေါ်ပါဘူး သူက ချဲလ်ဆီးမှာရှိနေတာပါ။ ချဲလ်ဆီးကလည်း သူ့ကို ရောင်းချဖို့ရည်ရွယ်ချက်မရှိလောက်ပါဘူး" "သူက ချဲလ်ဆီးမှာ အကောင်းဆုံး ကစားသမားကို ရထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဖိုဖာနာထက်ပိုကောင်းပြီး ဘက်ဒီယာရှီလီ ထက်တောင် ပိုကောင်းတယ်လို့ထင်ပါတယ်"

"ဘရိုက်တန်အတွက် သူကစားခဲ့တဲ့ပွဲတွေကိုရော ကြည့်ပြီးကြပြီလား။ သူက ဘရိုက်တန်သို့ သွားခဲ့ပြီး သူ့အသင်းက ချဲလ်ဆီးထက် မြင့်တဲ့နေရာမှာတောင်ရှိနေပါတယ်" "အဲ့ဒီအသင်းမှာ သူက အကောင်းဆုံး ကစားနိုင်နေပါတယ်။ အာဆင်နယ်နဲ့ပွဲတုန်းက သူ လျောထိုးဖြတ်ထုတ်လိုက်တာကိုရော တွေ့ခဲ့ကြလား" "လက်ရှိရာသီမှာ ကိုဝဲလ်က ဖိုဖာနနဲ့ ဘက်ဒီယာရှီလီတို့ထက် ၁၀၀ % ပိုကောင်းပါတယ်" လို့ ပြောပါတယ်။

ဒီတစ်ပတ်မှာ ပိုချက်တီနိုဟာ ချဲလ်ဆီးရဲ့နည်းပြသစ်အတွက် အတည်ပြုခန့်ခြင်းခံရမယ်လို့ မျှော်မှန်းရပြီး အသင်း အကယ်ဒမီထွက် လူငယ်ကစားသမားတွေနဲ့ အတူ တည်ဆောက်ဖို့ စိတ်အားထက်သန်နေမှာလည်းဖြစ်ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်ရှိ ဗဟိုခံစစ်မှုးရဲ့ စာချုပ်မှာ သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး လီဗာပူးနှင့် မန်စီးတီးတို့ကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

#ချဲလ်ဆီး #ဖာဒီနန် #ဖိုဖာနာ #လီဗီကိုဝဲလ် #ပရီးမီးယားလိဂ်