ရှေ့သို့
Image

ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်မီ သူငယ်ချင်းဖြစ်တဲ့ အာဂျင်တီးနား ကစားသမား နှစ်ဦးနဲ့ အဆက်အသွယ်မရှိကြောင်း ပြောပြလာတဲ့ ပါရီဆစ်

10:26 AM, 13 December

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ် အဖြစ် ဘရာဇီးအသင်းကို အသာရကာ တက်ရောက်လာတဲ့ ခရိုအေးရှားအသင်းနဲ့ နယ်သာလန်အသင်းကို အနိုင်ကစားကာ တက်ရောက်လာတဲ့ အာဂျင်တီးနားအသင်းတို့ ထိပ်တိုက်ကစားသွားရဖို့ ရှိနေပြီး ခရိုအေးရှားအသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြကစားနေတဲ့ ဘယ်တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်က ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သလို အာဂျင်တီးနားအသင်းရဲ့ အားကိုးအားထား ပြုနေရတဲ့ လိုတာရိုမာတီနက်ဇ်နဲ့ ခရစ်တီယန်ရိုမဲရိုးတို့ နှစ်ဦးကို အဆက်အသွယ် ပြုလုပ်ထားခြင်း မရှိတဲ့အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဇလက်ကိုဒါးလစ်ရဲ့ ခရိုအေးရှားအသင်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်စေမယ့် နေရာ တစ်နေရာဆုပ်ကိုင်နိုင်ရန် အတွက် အရေးပါတဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ် အဖြစ် တောင်အမေရိက အသင်းဖြစ်တဲ့ ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနား အသင်းနဲ့ အင်္ဂါနေ့မှာ ယှဉ်ပြိုင် ကစားသွားရတော့မှာလည်း ဖြစ်ပါတယ်။ ခရိုအေးရှားအသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေသွင်းယူကာ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ရန်အတွက် အဓိက ကူညီပေးထားခဲ့တဲ့ ပါရီဆစ်က တော့တင်ဟမ်အသင်းဖော် ရိုမဲရိုးနဲ့ အင်တာမီလန် အသင်းမှာ အတူတွဲဖက်ကစားခဲ့ဖူးတဲ့ မာတီနက်ဇ်တို့ နှစ်ဦးနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်မီ ခရိုအေးရှားအသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ပါရီဆစ်က“အုပ်စုအဆင့်တွေတုန်းက အချင်းချင်းဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ ယခုဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်မီမှာတော့ ဆက်သွယ်ပြောဆိုခဲ့တာမျိုး မရှိသေးပါဘူး” “သူတို့ကလည်း နိုင်ငံအသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ကစားကြမှာဖြစ်ပြီး ကျွန်တော်တို့အနေဖြင့်လည်း ထိုနည်းတူစွာပါပဲ။ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ကျွန်တော်တို့တော့ မျှော်လင့်နေပြီး ပရိတ်သတ်တွေအနေနဲ့ ပျော်ရွှင်ရပါလိမ့်မယ်”လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘရာဇီး #အာဂျင်တီးနား #ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား #ပါရီဆစ်