ရှေ့သို့
Image

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ယူနိုက်တက်အသင်း ဖြေရှင်းရဖို့ရှိနေတဲ့ အချက် ၆ချက်

4:36 PM, 21 December

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြန်လည် ဦးမော့နိုင်ရန်အတွက် ရာသီကြို အပြောင်းအရွှေ့ကာလအတွင်း ထိပ်တန်းကစားသမားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်ထားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် ရလဒ်မတည်ငြိမ်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဖြေရှင်းရမယ့် အကြောင်းအရာအချို့ ရှိနေတာပဲ ဖြစ်ပါတယ်။

၁. ရော်နယ်ဒိုရဲ့ နေရာကိုဘယ်လို ပြန်အစားထိုးမလဲ?
မန်ချက်စတာယူနိုက်တက်အသင်းက ပီးယားစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်း ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူအချို့ကို တည့်တိုးဝေဖန်ပြောဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်အသင်း အတွက် သွင်းဂိုးအများဆုံး ရှာဖွေပေးထားနိုင်ခဲ့တဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်မှုး ရော်နယ်ဒိုကို အသင်းမှ ထုတ်ပယ်ခဲ့တာကြောင့် အခြားတိုက်စစ်ကစားသမား ခေါ်ယူကာ တိုက်စစ်ပိုင်းကို အားဖြည့်သွားနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

၂. မက်ဂွာရီကို ပြန်လည်ပွဲထွက်ကစားခွင့် ပေးသွားမှာလား?
ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီမှာ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွာရီအနေဖြင့် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွင်း နည်းပြတန်ဟတ် လက်အောက်တွင် ပွဲထွက်ကစားခွင့်နည်းပါးနေတာဖြစ်ပေမဲ့ နိုဝင်ဘာ ၂၀ရက်နေ့တွင် စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာတော့ အင်္ဂလန်အသင်းနဲ့အတူ  ပွဲထွက်ခွင့်ရရှိကာ ခြေစွမ်းကောင်းအချို့ကို ပြန်လည်ပြသနိုင်ပြီဖြစ်တာကြောင့် နည်းပြတန်ဟတ်အနေဖြင့် ပြန်လည်နေရာပေးသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၃. ဂျေဒန်ဆန်ချိုရဲ့ အနာဂတ် ဘာဖြစ်လာမလဲ?
နည်းပြ တန်ဟတ် ကိုင်တွယ်စဉ်ကာလအတွင်း ပွဲထွက်ကစားခွင့်နည်းပါးနေတဲ့ တိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ဆက်ထိန်းသွားမလားဆိုတာ နည်းပြ တန်ဟတ် ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

၄. ကက်စမဲရိုးကို ဘယ်ကွင်းလယ်ကစားသမားနဲ့ တွဲဖက်ပေးမလဲ?
ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ ဖရက်နဲ့ တိုမီနေးတို့ ရှိနေပေမဲ့ ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီမှာကတည်းက ဝေဖန်မှုတွေဆက်တိုက်ကြုံတွေ့နေရတာကြောင့် ဖိအားအချို့ရှိနေကြပြီး နည်းပြတန်ဟတ်အနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်းကနေ တန်ဖိုးကြီးပေးခေါ်ယူထားရတဲ့ ကွင်းလယ်ကစားသမား ကက်စမဲရိုးကို ခရစ်ရှန် အဲရစ်ဆင်နဲ့သာ တွဲဖက်ကစားစေမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

၅. ခြေစွမ်းပိုင်းတည်ငြိမ်ဖို့ ဘယ်လိုလုပ်ဆောင်မလဲ?
ယူနိုက်တက်အသင်းက ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပေမဲ့ ရလဒ်ပိုင်းကတည်ငြိမ်သေးခြင်း မရှိတာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းနေရာကို တက်လှမ်းနိုင်ရန်အတွက် ခြေစွမ်းပိုင်းပိုမို တည်ငြိမ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

၆. ကမ္ဘာ့ဖလားပွဲပန်းမှုကို ဘယ်လိုဖြေရှင်းမလဲ?
ယူနိုက်တက်အသင်းရဲ့ စီနီယာပွဲထွက်ကစားသမား အများစုအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဝင်ရောက်ကစားထားကြရတာကြောင့် ပွဲပန်းနေနိုင်ပြီး ရှေ့လာမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေအတွက် ကြံ့ခိုင်မှု အချိန်မီ ပြည့်ဝဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ဆန်ချို #ရော်နယ်ဒို #၂၀၂၂ကမ္ဘာ့ဖလား