ရှေ့သို့
Image

အင်္ဂလန် ကစားသမားတွေကို ပြင်သစ်စတား ၂ ဦး နေမကောင်းတာနဲ့ ပတ်သက်ပြီး ပြင်သစ် ဆေးအဖွဲ့ဝေဖန်

10:20 AM, 16 December

ပြင်သစ်နည်းပြအဖွဲ့နဲ့ ကြံ့ခိုင်ရေးနည်းပြတွေဟာ ဖိုင်နယ်ပွဲမတိုင်ခင် ရာဘီအော့နဲ့ အူပါမီကာနိုတို့ကို ဖျားနာအောင်လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။ အဆိုပါစတား ၂ ဦးဟာ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲမတိုင်ခင် မော်ရိုကိုကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲကို လွဲချော်ခဲ့ကာ အာဂျင်တီးနားနဲ့ ပွဲကို မသေချာသေးတာဖြစ်ပါတယ်။

တူနီးရှားကို အရေးနိမ့်ပြီးနောက် ဒက်စ်ချမ့်က အပြောင်းအလဲနည်းနည်းလုပ်ခဲ့ပြီး အူပါမီကာနို နဲ့ ရာဘီအော့တို့ ၂ ဦးစလုံး ပွဲတိုင်းနီးပါးပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် များပြားတဲ့သတင်းတွေအရ ပြင်သစ်အသင်းသားတွေဟာ အင်္ဂလန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အဖျားမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြင်သစ်အသင်းသားတွေက အင်္ဂလန်အသင်းကို ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ သတင်းတွေအရ အင်္ဂလန်အသင်းစတားတွေဟာ လေအေးပေးစနစ်ကြောင့် မသက်မသာဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက် နဲ့ ဘရာဇီးစတား အန်တိုနီကလည်း ပြိုင်ပွဲအတွင်း ဖျားနာခဲ့တာကြောင့် လေအေးပေးစနစ်ကို ဝေဖန်ခဲ့သေးတာဖြစ်ပါတယ်။

#ရာဘီအော့ #အင်္ဂလန် #အာဂျင်တီးနား #ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား #အူပါမီကာနို