ရှေ့သို့
Image

ဂန်းနားကစားသမားဘဝနှစ်ပတ်လည်မှာ သွင်းဂိုးနဲ့အတူ နိုင်ပွဲရရှိလို့ ပျော်ရွှင်ကြည်နူးနေတဲ့ ထရိုဆက်

4:23 PM, 21 January

အာဆင်နယ်တိုက်စစ်မှူးလီဆန်ဒရိုထရိဆက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ကြည်နူးနေပါတယ်။

ငါးဂိုးပြတ်နိုင်ပွဲက ဘရိုက်တန်တိုက်စစ်မှူးဟောင်းရဲ့ မြောက်လန်ဒန်ကလပ်အသင်းဆီရောက်ရှိလာမှု နှစ်ပတ်လည်အခိုက်အတန့်မှာ ပေါ်ပေါက်လာခဲ့တာပါ။


ပွဲစဉ်အပြီး ဘယ်လ်ဂျီယံသားက "ကျွန်တော့်အတွက် ကောင်းမွန်တဲ့ တစ်နှစ်တာကာလဖြစ်ခဲ့ပြီး ဂိုးပါသွင်းယူနိုင်ခဲ့လို့ အတော်လေးကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။ ဒီပွဲစဉ်က ကျွန်တော့်အတွက် ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်က ပြိုင်ဘက်ဂိုးဧရိယာထဲမှာ တက်နိုင်သမျှအကောင်းဆုံးဖြစ်လာဖို့ အမြဲတမ်းကြိုးစားလေ့ရှိပြီး ဒါကြောင့်ပဲ ဒီနေ့မှာ သွင်းဂိုးရရှိနိုင်ရေး အကူအညီဖြစ်စေခဲ့ပါတယ်။ 


ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ တစ်နှစ်တာကာလဖြစ်ခဲ့ပြီး ကျွန်တော်လိုချင်တဲ့ အရာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်တာမျိုးဖြစ်ပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်တော့်အတွက် ကောင်းမွန်တဲ့အချိန်အခါဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့တွေ ချန်ပီယံလိဂ်နောက်တစ်ဆင့်ဆီတက်လှမ်းထားနိုင်လို့ အသင်းဖော်တွေနဲ့အတူ ကျွန်တော်ပျော်ရွှင်ခဲ့ရပါတယ်။ ဒါက အသင်းကောင်းတစ်ခုပါ"လို့ ပြောပါတယ်။


ငါးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း ကိုယ့်ကိုကိုယ်ကျေနပ်မှုရှိရဲ့လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ထရိုဆက်က "သေချာတာပေါ့၊ အထူးသဖြင့် အလွတ်တည်ကန်ဘောတွေမှတဆင့် အစောပိုင်းသွင်းဂိုးတွေကို ကျွန်တော်တို့ ရယူနိုင်ခဲ့လို့ပါပဲ။ ဒီအတွက် ကျွန်တော်တို့တွေ အကြိမ်ကြိမ်လေ့ကျင့်ခဲ့ကြပြီး လေ့ကျင့်မှုရလဒ်တွေကို ကွင်းထဲအထိ ဆောင်ယူနိုင်ခဲ့တာ အရမ်းပျော်စရာကောင်းပါတယ်။ ပြိုင်ပွဲလမ်းကြောင်းမှာ ဆက်ရှိနေသေးလို့ ကျွန်တော်တို့အတွက် အတော်လေးပျော်စရာကောင်းတဲ့ နိုင်ပွဲတစ်ခုဖြစ်ပါတယ်။


ဒီလိုပုံစံမျိုးနဲ့ပဲ လိဂ်ပြိုင်ပွဲကို ကျွန်တော်တို့ပြန်လည်စတင်ချင်ခဲ့ပါတယ်။ အားလပ်ရက်အနည်းငယ်အပြီး လူတိုင်းပြန်လည်လန်းဆန်းလာသလို ပွဲထွက်ခွင့်ရရှိဖို့နဲ့ ဂိုးသွင်းယူနိုင်ဖို့ ဘယ်လောက်အထိ ဆာလောင်နေသလဲဆိုတာ မြင်တွေ့နိုင်ကြပါလိမ့်မယ်။ Clean Sheet ပါ ရရှိခဲ့တာကြောင့် အတော်လေးပျော်စရာကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်တစ်ရပ် ဖြစ်ခဲ့ပါတယ်။


ဒီနေ့လိုစွမ်းဆောင်ရည်တစ်ရပ်ရရှိထားမယ်ဆိုရင် ဒါကို ဆက်ထိန်းထားချင်မယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် အခုတော့ ပွဲစဉ်ဇယား ဘယ်လိုရှိလာမလဲဆိုတာနဲ့ သက်ဆိုင်သွားပါပြီ။ အခုအချိန်မှစပြီး လာမယ့်ပွဲစဉ်ကိုစောင့်မျှော်ကာ အလုပ်တွေ လုပ်သွားရပါလိမ့်မယ်"လို့ ဆက်ပြောခဲ့ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ထရိုဆက် #ပရီးမီးယားလိဂ်