ရှေ့သို့
Image

သတင်းစာရှင်းလင်းပွဲ မတက်ခဲ့တဲ့ မက်ပီကို စည်းမျဉ်းချိုးဖောက်မှုနဲ့ အရေးယူဖို့ ပြင်ဆင်နေတဲ့ ဖီဖာ

4:38 PM, 5 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ပွဲစဉ်တွင် ပြင်သစ်အသင်းက ပိုလန်အသင်းကို ၃ဂိုး - ၁ဂိုး ဖြင့်အနိုင်ရယူနိုင်ခဲ့ပြီး ပွဲစဉ်အတွင်း အထူးခြေစွမ်းပြကာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို အကောင်းဆုံး ကစားသမား အဖြစ် ရွှေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရတဲ့ မက်ပီအနေဖြင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲကို မတက်ခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဒဏ်ကြေး ပေးဆောင်စေဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ရုရှကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းပြ ကစားကာ ချန်ပီယံဖြစ်ထားခဲ့တဲ့ မက်ပီအနေဖြင့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြောက်နိုင်ရေးအတွက် ဆန္ဒပြင်းပြနေတာ ဖြစ်သလို ပြင်သစ်အသင်းက ပိုလန်အသင်းကို ၃ဂိုး - ၁ဂိုးဖြင့် အနိုင်ရခဲ့တဲ့ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်း အဆင့် ပွဲစဉ်မှာလည်း ပြင်သစ်အသင်းအတွက် ၂ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် သွင်းဂိုး ၅ဂိုးအထိ ပိုင်ဆိုင်ထားပြီဖြစ်သလို ရွှေဖိနပ်ဆုရရှိရေးအတွက် ရေးပန်းစားမှု မြင့်မားနေတာလည်း ဖြစ်ပါတယ်။

မက်ပီအနေဖြင့် ပီအက်စ်ဂျီ အသင်းမှာ ဆက်ရှိမလားဆိုတဲ့ အနာဂတ်နဲ့ ပက်သက်တဲ့ သတင်းတွေထွက်ပေါ်နေချိန် မီဒီယာတွေရှေ့မှာ ပုန်းကွယ်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရစဉ်ကလည်း သတင်းစာရှင်းလင်းပွဲမတက်ခဲ့တာလည်း ဖြစ်ပါတယ်။ သတင်းစာရှင်းပွဲတွေ မတက်ခဲ့တဲ့ မက်ပီက ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမား ဆုရရှိထားတဲ့ ဓာတ်ပုံတွေအား လူမှုကွန်ယက်စာမျက်နာတွေအထက်မှာတင်စဉ်မှာလည်း အရက်သေစာ အရောင်းမြင့်တင်ရေး မပြုလုပ်ချင်တဲ့ ဆန္ဒထုတ်ဖော်မှုတစ်ရပ်အနေဖြင့် စပွန်စာဖြစ်တဲ့ ‘Budweiser’ ကို ဖျောက်ကာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲ မတက်ခဲ့တာကြောင့် ဖီဖာက ဒဏ်ကြေးငွေပေးဆောင်စေမယ့် အပေါ် လက်ရှိ ကမ္ဘာ့လားပြိုင်ပွဲအတွင်း ပြင်သစ်အသင်းအတွက် သွင်းဂိုး ၅ဂိုးအထိ သွင်းယူပေးခဲ့တဲ့ မက်ပီက“လူတွေက ကျွန်တော်ဘာလို့ မီဒီယာတွေအရှေ့မှာ ထွက်ပေါ်မလာလဲဆိုတာ မေးမြန်းနေကြပါတယ်” “ကျွန်တော်အနေနဲ့ ပြိုင်ပွဲအတွက်သာ သီးသန့်အာရုံစိုက်ဖို့ ဆန္ဒရှိနေတာကြောင့်ပါ” “ကစားပွဲတွေ အတွက်သာ အပြည့်အဝ အာရုံစိုက်ထားပြီး ဖီဖာက ဒဏ်ရိုက်မယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားသိထားပြီး ဖြစ်ပါတယ်။ ဒဏ်ရိုက်မယ်ဆိုလည်း ကျွန်တော့ဘက်ကတော့ ပေးဆောင်သွားမှာဖြစ်ပြီး ကျွန်တော့ကိုယ်ပိုင်အပြုအမူနဲ့ ပက်သက်ပြီး ဖီဖာမှာ နစ်နာရတာမျိုး မဖြစ်သင့်ပါဘူး”လို့ဖြေရှင်းပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ပြင်သစ် #ပိုလန် #မက်ပီ #၂၀၂၂ကမ္ဘာ့ဖလား