ရှေ့သို့
Image

လမ်တေးလိုပဲ ဂါနာအတွက် ကိုယ်စားပြုကစားမယ့် ဝီလီယံ

1:20 PM, 7 July

အရင်က စပိန်အတွက် ကစားပေးခဲ့ဖူးသော်လည်း လက်ရွေးစင်အဆင့်မှာတော့ ဂါနာအတွက် ကိုယ်စားပြုကစားဖို့  ရွေးချယ်မှာဖြစ်ကြောင်း အက်သလက်တစ်ကလပ်ရဲ့ ဝီလီယံက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဂါနာနိုင်ငံသား မိဘတွေက ဘီဘာဘီမှာ မွေးဖွားခဲ့တဲ့ ဝီလီယံဟာ စပိန်လက်ရွေးစင်အသင်းအတွက် ခြေစမ်းပွဲမှာ တစ်ကြိမ် ကစားခဲ့ဖူးတာဖြစ်ပြီး ၂၀၁၆ခုနှစ်က ဘော့စနီးယားနှင့်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

စပိန်ယူ ၂၁ အသင်းနှင့်အတူ ၂၀၁၇ ယူရိုဖိုင်နယ်သို့ရောက်ရှိခဲ့တဲ့ ဝီလီယံဟာ ၂၀၀၃ခုနှစ်မှာ ပြောင်းလဲခဲ့တဲ့ ဖီဖာရဲ့ စည်းမျဉ်းများကြောင့် နိုင်ငံသားပြောင်းလဲခံယူခွင့်ရှိနေတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက အနောက်ဆမ်မိုယာအတွက် လူငယ်အဆင့်မှာ ကစားပေးခဲ့တဲ့ တင်မ်ကာဟေးလ်ဟာ ဩစတြေးလျအတွက် ကစားပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ဇာတိဇစ်မြစ်နိုင်ငံနှင့်အတူ ပူးပေါင်းဖို့ အခွင့်အရေးတစ်ခုအဖြစ် ယုံကြည်ကြောင်း အသက် ၂၈နှစ်အရွယ် ကစားသမားက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားတာဖြစ်ပါတယ်။

"ခြေလှမ်းတိုင်းက ရှေ့ဆက်ဖို့အတွက်သူ့ရဲ့အဓိပ္ပါယ်နှင့်သူရှိနေတာပါ။ အမွေ့အနှစ်တစ်ခုပါ။ ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော့်ကို လူသားဆန်ဖို့၊ ချစ်ခင်လေးစားတက်ဖို့အတွက် သင်ကြားပေးခဲ့တာပါ" "ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ ဇာတိဇစ်မြစ်နိုင်ငံအတွက် အချိန်ကျလာတယ်လို့ ခံစားမိပြီး အာဖရိကနှင့်ဂါနာဆိုတာကလည်း ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိဘတွေအတွက် အရမ်းကို အဓိပ္ပါယ်ရှိနေတာဖြစ်ပါတယ်"လို့ ကစားသမားက ပြောပါတယ်။

ကလပ်အဆင့်မှာ ဝီလီယံဟာ လာလီဂါမှာ ပွဲပေါင်း ၂၃၃ ပွဲဆက်တိုက် ကစားပေးထားတာ စံချိန်တင်ထားတာဖြစ်ပြီး  အောက်တိုဘာလမှာတုန်းက ၂၀၂ ပွဲဆိုတဲ့ စံချိန်ကို ဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။ လမ်တေး၊ အမ်ဘရိုဆီးယက်စ်၊ ပက်ထရစ်ပက်ဖီဖာနှင့် ရီဘိုယက်တို့အားလုံးဟာ ဂါနာလက်ရွေးစင်အသင်း အတွက် ပြောင်းလဲကစားပေးဖို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ဂါနာဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌက ပြောဆိုထားပါတယ်။

သူတို့ ၅ ဦးစလုံးပါဝင်လာတာကြောင့် ဒီနှစ်ကမ္ဘာ့ဖလားမှာ ဂါနာအတွက် အားတက်စရာဖြစ်ပြီး ဂါနာဟာ ပေါ်တူဂီ၊ ဥရုဂွေး၊ တောင်ကိုရီယားတို့နှင့် တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

#ဝီလီယံ #ဂါနာ #လမ်တေး