ရှေ့သို့
Image

၂၀၂၆ ကမ္ဘာ့ဖလားမှာ ပိုလန်အသင်း အတွက် ပါဝင်ကစားပေးဖို့ ကြောက်နေမှာမဟုတ်ကြောင်း လီဝန်ဒေါစကီးဆို

1:25 PM, 5 December

ရောဘတ်လီဝန်ဒေါစကီးက ၂၀၂၆ကမ္ဘာ့ဖလားမှာလည်း ပိုလန်အတွက် ပါဝင်ကစားပေးဖို့ ကြောက်နေမှာ မဟုတ်ကြောင်း ဆိုခဲ့ပေမယ့် အသင်းကတော့ နည်းစနစ်ပိုင်း ပြောင်းလဲဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ပိုလန်အသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားမှာ အုပ်စုတွင်းရုန်းကန်ခဲ့ရသလို ၁၆သင်း အဆင့် တက်လာချိန်မှာလည်း ပြင်သစ်ကို ဂိုးပြတ်ရှုံးကာ ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ထပ်၄နှစ်မှာ ကစားမယ့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၇နှစ်အရွယ် ရှိနေမှာဖြစ်တဲ့ လီဝန်ဒေါစကီးက နိုင်ငံအတွက်ကိုယ်စားပြုကစားပေးဖို့ ကြောက်နေမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

လီဝန်ဒေါစကီးက “ကြံ့ခိုင်မှုပိုင်းအရ ကျွန်တော် ကစားပေးဖို့ကြောက်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အရင်လုပ်စရာတွေအများကြီး ရှိပါသေးတယ်။ အဲ့ဒီအကြောင်း အခုပြောဖို့ ခက်ပါတယ်။ အားကစားဆိုင်ရာအရတော့ ဒါက ကျွန်တော့်ကို မတုန်လှုပ်စေပါဘူး။ ဒါပေမယ့် မသေချာမှုတွေ ရှိနေပါသေးတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး လီဝန်ဒေါစကီးက ပိုလန်အသင်းအနေနဲ့ ခံစစ်ကစားတဲ့ နည်းစနစ်ပိုင်းကို ပြောင်းလဲဖို့ လိုအပ်နိုင်ကြောင်းလည်း အရိပ်အမြွက်ပြောခဲ့ပါတယ်။

“အချိန်တွေအများကြီးကျန်သေးပြီး ပွဲတိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ တိုက်စစ်ဆင်မယ်ဆိုရင် အခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ခံစစ်ချည်းပဲ ကစားနေရင် ပျော်စရာမကောင်းတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

#ပိုလန် #လီဝန်ဒေါ့စကီး #၂၀၂၂ကမ္ဘာ့ဖလား