ရှေ့သို့
Image

အဲဗာတန်ကို အဓိကကစားသမားတစ်ချို့မပါပဲ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ ယူနိုက်တက်

9:49 AM, 9 April

ယူနိုက်တက်အသင်းဟာ အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့် စနေနေ့ပွဲမှာ ဗာရာနီ ၊ လုခ်ရှော နဲ့ တိုမီနေးတို့ မပါပဲ ကစားရဖွယ်ရှိနေပါတယ်။

ဗာရာနီကတော့ ဒဏ်ရာနောက်တစ်ကြိမ်ရရှိခဲ့တာဖြစ်ပြီး ရှောကတော့ ရက်သတ္တပတ်အနည်းငယ်လောက် နားရဖွယ်ရှိနေကာ တိုမီနေးက ခြေထောက်ဒဏ်ရာရရှိနေပါတယ်။

ရှောဟာ ၂၀၁၅ တုန်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူခဲ့ရကာ အခုလည်း လက်စတာနဲ့ပွဲမှာ ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ ရှောတစ်ယောက် အဲဗာတန်နဲ့ပွဲအပြင် နောဝစ်ချ် ၊ လီဗာပူး ၊ အာဆင်နယ်တို့နဲ့ပွဲကိုပါ လွဲချော်ဖို့ များနေပါတယ်။

ရော်နယ်ဒိုကတော့ လက်စတာနဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် ပြန်လာနိုင်ခဲ့ပြီဖြစ်ကာ ကာဗာနီကတော့  ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။

“ရော်နယ်ဒို ပြန်လာပါပြီ။ ရှောကတော့ ဒဏ်ရာရရှိနေဆဲပါ။ လက်စတာနဲ့ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး ၂၀၁၅ တုန်းက ခွဲစိတ်မှုခံယူခဲ့ရတဲ့ နေရာပဲ ပြန်ဖြစ်တာပါ။  

ဆရာဝန်ကလည်း သူ့ခြေထောက်မှာရှိတဲ့ သတ္တုအကာ ၂ ခခုကို ဖယ်ရှားဖို့ပြောပါတယ်။ မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပြီး ၂ ပတ် ၊ ၃ ပတ်လောက်နားရပါမယ်။

ကာဗာနီက ဒဏ်ရာရရှိနေဆဲဖြစ်သလို ဗာရာနီ နဲ့ တိုမီနေးတို့လည်း အတူတူပါပဲ”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။ 

အဲဗာတန်ဟာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တကယ်လို့ ယူနိုက်တက်သာ အနိုင်ရရှိခဲ့ရင် အဆင့်  ၄ နေရာက တော့တင်ဟမ်နဲ့ အမှတ်တူအနေအထားရောက်လာမှာဖြစ်ပါတယ်။

ရန်နစ်အတွက် အခုနိုင်ပွဲက အရေးကြီးနေသလို အဲဗာတန်ကလည်း တန်းဆင်းဇုန်ကနေလွတ်ဖို့ အမှတ်လိုအပ်ချက်ရှိနေပါတယ်။

“မနက်ဖြန်အတွက် အရေးအကြီးဆုံးက စရိုက် ၊ စွမ်းအား ၊ ပွဲအပေါ်အာရုံစူးစိုက်မှုတို့ပါ။ ဒီပွဲက အရေးကြီးတယ်ဆိုတာ သတိထားရပါမယ်။

အဲဗာတန်ကလည်း အရေးကြီနေပါတယ်။ မနက်ဖြန် ပွဲအစီအစဉ် နဲ့ နည်းစနစ် အပြင် အခြားအရာတွေဖြစ်တဲ့ စိတ်ဓာတ်ပိုင်း ၊ အာရုံစူးစိုက်မှု နဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း အရေးကြီးပါတယ်။

လွန်ခဲ့တဲ့ ၄ ခွဲလောက်ကထက် ကျွန်တော်တို့ အချို့နေရာတွေမှာ တိုးတက်နေတာကို မြင်ရမှာပါ။ ဒါပေမယ့် တည်ငြိမ်မှုတော့ လိုအပ်နေဆဲပါ။ မနက်ဖြန်အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသဖို့ လိုအပ်ပါတယ်”လို့ ရန်းနစ်က ပြောကြားခဲ့ပါတယ်။


#ဗာရာနီ #ကာဗာနီ #မန်ချက်စတာယူနိုက်တက် #လုခ်ရှော #မက်တိုမီနေး #ရော်နယ်ဒို