ရှေ့သို့
Image

မက်ဆီရဲ့သွင်းဂိုးနဲ့ သြစတြေးလျကို ဦးဆောင်ထားတဲ့ အာဂျင်တီးနား (ပထမပိုင်း)

2:29 AM, 4 December

အာဂျင်တီးနား ၁ - ၀ သြစတြေးလျ 

မက်ဆီ (၃၅ မိနစ်)


- ပထမပိုင်းကအနည်းငယ်တော့ ပျင်းဖို့ကောင်းခဲ့ပါတယ်၊ဂိုးပေါက် ခြိမ်းခြောက်မှုတွေ သိပ်မရှိခဲ့ပဲ မက်ဆီရဲ့ ဂိုးကြောင့်သာ အာဂျင်တီးနားတို့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းအဆင့်အတန်းချင်း၊ လူစာရင်းချင်း ကွာခြားလှပေမယ့် အာဂျင်တီးနားရဲ့ ကစားပုံကတော့ နည်းနည်းစိတ်ပျက်ဖို့ ကောင်းပါတယ်။ သြစတြေးလျကတော့ သူ့ရဲ့ ပုံစံအတိုင်း တန်ပြန်တိုက်စစ်တွေကိုပဲ အဓိကသုံးလေ့ရှိပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ချန်ပီယံဆုအတွက် ရည်မှန်းထားတဲ့အသင်းဖြစ်ရင်တော့ အာဂျင်တီးနားအနေနဲ့ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ကစားဟန်နဲ့ သွင်းဂိုးတွေထပ်ပြီး ရယူနိုင်ဖို့လိုအပ်နေပါတယ်။ 



#အာဂျင်တီးနား #ကာတာကမ္ဘာ့ဖလား #သြစတြေးလျ