ရှေ့သို့
Image

ဂျာမနီအသင်း အုပ်စု အသင်းက ထွက်ခွာခဲ့ရတဲ့ အပေါ် ရူဒီဂါရဲ့ ပြောကြားချက်

5:34 PM, 3 December

ဂျာမနီ အသင်းအနေနဲ့ ကမ္ဘာ့ဖလား အုပ်စုအဆငိ့ကနေ နှစ်ကြိမ်ဆက် ထွက်ခွာခဲ့ရပေမယ့် အသင်းအနေနဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့တယ်လို့ နောက်တန်းကစားသမား အန်တိုနီရို ရူဒီဂါက ပြောကြားလိုက်ပါတယ်။ 

ဂျာမနီအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ကော်စတာရီဂါကို ၄-၂ နဲ့ အနိုင်ရခဲ့သော်လည်း ဂျပန်အသင်းကလည်း စပိန်အသင်းကို အံ့အားသင့်ဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ထို့ကြောင့်လည်း ဂျာမနီ အသင်းဟာ စပိန်အသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ်စု အဆင့်က ထွက်ခွာခဲ့ရပါတယ်။ 

ဂျာမနီနောက်တန်းကစားသမား အန်တိုနီရို ရူဒီဂါက ဂျာမနီ အသင်းအနေနဲ့ ပုံစံကောင်း စွမ်းဆောင်ရည်ကောင်းမှာ ရှိခဲ့ပေမယ့် တချိုအပိုင်းမှာ ကံမကောင်းတာကြောင့် အခုလို ထွက်ခွာခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ German TV Sport 1 channel မှာ ရူဒီဂါက 

"ကျွန်တော်တို့ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒါက တကယ်ကိုပဲ လက်ခံဖို့ ခက်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အရည်အသွေးကောင်းတွေရော ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တခြား လိုအပ်တဲ့ အချက်လေးတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒါလေးကို ‌လိုအပ်တာပါ။ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းပါ။ "

လို့ ရူဒီဂါက ပြောခဲ့ပါတယ်။ ဂျာမနီ အသင်းဟာ သူတို့ရဲ့ အုပ်စုအဖွင့်ပွဲစဉ် ဂျပန်နဲ့ ပွဲကို ရှုံးနိမ့်ခဲ့ပြီး စပိန်ကို သရေရလဒ် ထွက်ပေါ်ကာ ကော်စတာရီဂါကို ဂိုးပြတ်နိုင်ပွဲ ရခဲ့ပါတယ်။ စပိန်ကတော့ အုပ်စု အဆင့်၁ အဖြစ် ရဖို့ အခွင့်အရေး ရခဲ့ပေမယ့်ထို အခွင့်အ‌ ရေးကို အသုံးမချနိုင်ခဲ့ပဲ ရှုံးပွဲတွေ့ခဲ့တာကြောင့် ဂျာမနီက အုပ်စုက ထွက်ခွာခဲ့ရတာပါ။ 

ရူဒီဂါကတော့ ဂျာမနီအသင်းနဲ့ နိုင်ငံ ပြန်ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ သွားရောက်ပူးပေါင်းရမှာ ဖြစ်ကာ လာလီဂါဖလားအတွက် ဆက်လက်ယှဉ် ပြိုင် ကစားရမှာပါ။ လာမယ့် ၂၀၂၄  Euro မှာ သူဟာ ဂျာမနီအသင်းနဲ့ ပြန်လည် ပါဝင်သွားဖွယ် ရှိနေပါတယ်။ 

#ရူဒီဂါ #ဂျာမနီ #၂၀၂၂ကမ္ဘာ့ဖလား