ရှေ့သို့
Image

နောက်ဆုံးပွဲမှာ နိုင်ပွဲရခဲ့ပေမယ့် ဂိုးကွာခြားချက်နဲ့ အုပ်စုကနေ ထွက်လိုက်ရတဲ့ မက္ကဆီကို

3:37 AM, 1 December

ဆော်ဒီ ၁ - ၂ မက္ကဆီကို (ပွဲပြီးရလဒ်)

ဟင်နရီမာတင်(၄၇မိနစ်)

ချားဗက်ဇ် (၅၂မိနစ်)

အယ်ဒေါ်စရီ(၉၃မိနစ်)


မက္ကဆီကိုတို့ ယနေ့ညပွဲစဉ်မှာ စိတ်ဓာတ်ကောင်းတွေနဲ့ အကောင်းဆုံး ကစားကာ နိုင်ပွဲရှာဖွေနိုင်ခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ပိုလန်ကို နောက်ကောက်ကျကာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဆော်ဒီအသင်းကတော့ ယနေ့ညပွဲမှာ ခံစစ်ထိုင်ကာ အကောင်းဆုံးကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားကျသွားမှုကြောင့် ပေးဆပ်မှု ကြီးမားခဲ့ရပါတယ်။ ဒီပွဲမှာ သွင်းယူသွားခဲ့တဲ့ ချားဗက်ဇ်ရဲ့ ဖရီးကစ်ဂိုးကတော့ ယခုနှစ်ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးသွင်းဂိုးဆန်ခါတင်မှတ်တမ်းဝင်နိုင်လောက်အောက် ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ ဆော်ဒီဂိုးသမား အိုဝိုင်းယက်စ်ရဲ့ အကောင်းဆုံးကာကွယ်မှုတွေကလည်း မက္ကဆီကိုအသင်း အုပ်စုကထွက်ရမှုမှာ အဓိကကျတဲ့အချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ #မက္ကဆီကို