ရှေ့သို့
Image

ပိုးကူးမှာစိုးလို့ဆိုပြီး ဂျပန်နဲ့ကစားရမယ့် အိမ်ကွင်းပွဲစဉ်ကို ဖျက်သိမ်းလိုက်တဲ့ မြောက်ကိုရီးယား

9:38 AM, 23 March

လာမယ့်အပတ် ပြုံယမ်းမှာ ကစားမယ့် မြောက်ကိုရီးယားနဲ့ ဂျပန်ပွဲစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ ကျိုဒိုသတင်းဌာနရဲ့အဆိုအရ ဂျပန်မှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတစ်မျိုးကြောင့် မြောက်ကိုရီးယားဘက်ကနေ ဒီပွဲကို အိမ်ရှင်အဖြစ် မကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာတော့ “မြောက်ကိုရီးယားဘက်က ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကြောင့် ဒီပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုလာတဲ့အတွက် ဖီဖာ၊ အခြားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးအပြီးမှာ ခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်တဲ့ အချက်အလက်အသစ်တွေကို ဖီိဖာက ထုတ်ပြန်သွားပါလိမ့်မယ်”လို့ ဖော်ပြထားပါတယ်။

ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၆ကမ္ဘာ့ဖလားဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်အဖြစ် အုပ်စုBမှာ မြန်မာ၊ ဆီးရီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။ ကြာသပတေးနေ့က ဂျပန်မှာကစားခဲ့တဲ့ပွဲစဉ်မှာတော့ အိမ်ရှင်ဂျပန်က မြောက်ကိုရီးယားကို ၁-၀ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

#ဂျပန် #မြောက်ကိုရီးယား