ရှေ့သို့
Image

လေးစားမှုနဲ့ ပတ်သက်ပြီး မက်ဆီကို သတိပေးလိုက်တဲ့ မက္ကဆီကိုဖိုက်တာ အယ်လ်ဗာရက်ဇ်

10:33 AM, 29 November

စနေနေ့ နိုင်ပွဲအပြီးမှာ အာဂျင်တီးနားစတား မက်ဆီတစ်ယောက် မက္ကဆီကိုအလံကို မလေးစားသလိုလုပ်ခဲ့ကြောင်း မက္ကစီကိုလက်ဝှေ့ကြယ်ပွင့် အယ်လ်ဗာရက်ဇ်က ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနားအသင်းဟာ မက္ကဆီကိုအသင်းကို ၂ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုမျှော်လင့်ချက်အသက်ဝင်လာခဲ့ကာ မက်ဆီက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးအောင်ပွဲခံမှုမှာ မက်ဆီတစ်ယောက် အဝတ်လဲခန်းအတွင်း မက္ကဆီကိုအကျီကို ကြမ်းပြင်ပေါ်မှာ ချပြီးအောင်ပွဲခံခဲ့တဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ သူ့ခြေထောက်ကို ပြန်လည်ဆွဲယူခဲ့ပေမယ့် မက္ကဆီကိုအကျီကို ခြေထောက်နဲ့ထိခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အယ်လ်ဗာရက်ဇ်က သဘောမကျဖြစ်နေပါတယ်။

“မက်ဆီတစ်ယောက် ကျွန်တော်တို့အကျီကို ကြမ်းပြင်သန့်ရှင်းရေးလုပ်နေတာကို မြင်ကြလား။ ကျွန်တော် အာဂျင်တီးနားကို လေးစားသလို မက်ဆီအနေနဲ့လည်း မက္ကဆီကိုကို လေးစားသင့်ပါတယ်။ ကျွန်တော် အာဂျင်တီးနား နိုင်ငံအကြောင်းပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် မက်ဆီအကြောင်းပြောနေတာပါ။ ဘာလို့လဲဆိုတော့ သူ့လုပ်ရပ်က အဓိပ္ပာယ်မရှိလို့ပါ”လို့ အယ်လ်ဗာရက်ဇ်က တွစ်တာမှာ တင်ခဲ့ပါတယ်။

အာဂျင်တီးနားဟာ နောက်ဆုံးပွဲစဉ်အဖြစ် ထိပ်ဆုံးကဦးဆောင်နေတဲ့ ပိုလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစစ်ပြီး တကယ်လိ့ အနိုင်ရရှိခဲ့မယ်ဆိုရင် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

မက္ကဆီကိုအနေနဲ့ နောက်တဆင့်တက်နိုင်ဖို့ အခွင့်အရေးမရှိပေမယ့် ပိုလန်ရဲ့အနိုင်ရလဒ်က အရေးပါနေတာဖြစ်ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား #အယ်လ်ဗာရက် #မက္ကဆီကို