ရှေ့သို့
Image

မာဆေးလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အကောင်းဆုံးကစားပေးကြဖို့ အသင်းဖော်တွေကိုတိုက်တွန်းလိုက်တဲ့ ဟိုဂျက်

4:34 PM, 1 November

ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရမှတ်တွေဆက်တိုက်စုဆောင်းက အုပ်စု (D) တွင်  အုပ်စုဗိုလ်နေရာကို ရောက်ရှိနေပေမဲ့ အုပ်စုတွင်းအမှတ်ကွာဟချက် ကျဉ်းမြောင်းနေတာကြောင့် တောင့်တင်ဟမ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဟိုဂျက်က မာဆေးလ်အသင်းနဲ့ ထိပ်တိုက်ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွင် တော့တင်ဟမ် အသင်းဖော် ကစားသမားတွေအနေဖြင့် အကောင်းဆုံးကြိုးစားကစားသွားကြဖို့ တိုက်တွန်းစကား ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

လန်ဒန်အခြေစိုက်ကလပ် တော့တင်ဟမ်အသင်းအတွက် တော့ မာဆေးလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမယ့်ပွဲစဉ်မှာသာ အရေးနိမ့်ခဲ့မယ်ဆိုပါက ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ရေးဟာ မရေမရာဖြစ်သွားရဖို့ ရှိနေတာကြောင့် ဖိအားအချို့ရှိနေသေးတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် တော့တင်ဟမ်အသင်းဖော်ကစားသမားတွေအနေဖြင့် အာရုံစိုက်ကစားသွားဖို့ လိုတဲ့အကြောင်းကို ဒိန်းမက်ကွင်းလယ်ကစားသမား ဟိုဂျက်က“ကျွန်တော်တို့ရဲ့ နံပါတ်တစ်ရည်ရွယ်ချက်က အုပ်စုအဆင့်ကနေ ၁၆သင်းရှုံးထွက်အဆင့်ကို ပထမဦးဆုံးတက်လှမ်းနိုင်ဖို့ပါ။ ဒါကြောင့်မလို့ပဲ ကစားသမားတွေဘက်က ရာနှုန်းပြည့်ပေးဆပ်ကစားနေကြပါတယ်” “ပြီးခဲ့တဲ့ အပတ်တွေမှာ ကျွန်တော်တို့အသင်းက ရလဒ်ပိုင်း အနိမ့်အမြင့်တွေနဲ့ ဆက်တိုက်ကြုံထားခဲ့ရပေမဲ့ ဒါက ဒီနေ့ပွဲရလဒ်အပေါ် သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။ နက်ဖြန်ကစားရမယ့်ပွဲစဉ်ဟာ တော့တင်ဟမ်အသင်းအတွက် အခွင့်အရေးတစ်ရပ်ဖြစ်နေတာကြောင့် အကောင်းဆုံးတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”

“တော့တင်ဟမ်အသင်းက ရည်မှန်းချက် မြင့်မြင့်မှန်းထားတဲ့ အသင်းဖြစ်သလိုပဲ ကစားသမားတွေဘက်က အကောင်းဆုံးပုံစံတွေနဲ့ ပေးဆပ်ကစားနေကြပြီး အားလုံး ကလည်း တက်နိုင်သမျှ အောင်မြင်မှုတွေကို ရယူသွားဖို့ ဆန္ဒရှိနေကြပါတယ်”“နံနက်ဖြန်ကစားရမယ့် မာဆေးလ်အသင်းနဲ့ ပွဲစဉ်မှာလည်း အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ကစားသမားတွေအနေဖြင့် အကောင်းဆုံး အာရုံစိုက်ပြီး ကြိုးစားကစားသွားကြဖို့ လိုပါတယ်” လို့တိုက်တွန်းပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#တော့တင်ဟမ် #မာဆေးလ် #ချန်ပီယံလိဂ် #ဟိုဂျက်