ရှေ့သို့
Image

ဘာပေကို ဘော်လွန်းဒီအော်ဆုက စိတ်အနှောက်အယှက်ပေးမှာကို ထိတ်လန့်နေတဲ့ ဒက်စ်ချမ့်

8:56 AM, 12 October

ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ဘော်လွန်းဒီအော်ဆုဟာ ဘာပေကို စိတ်အနှောက်အယှက်ပေးမယ့် အနေအထားအား ထိတ်လန့်နေပေမယ့် ခရစ္စတိုဖီဒူဂါရီကတော့ ဘာပေဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ဂရုမစိုက်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘာပေဟာ ၂၀၂၃ ဘော်လွန်းဒီအော်ဆုဆန်ခါတင်စာရင်းမှာ ပါဝင်နေပြီး ဆုရရှိသူကို ၂၀၂၃ အောက်တိုဘာ ၃၀ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

ဒက်စ်ချမ့်က ဆန်ခါတင်စာရင်းမှာ မက်ဆီနဲ့ ဟာလန်းတို့က ရေပန်းအစားဆုံးဖြစ်ပေမယ့် ဘာပေဟာ အဆိုပါဆုနဲ့ ထိုက်တန်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကမ္ဘာ့ဖလားရှင် ဒူဂါရီကတော့ ဘာပေတစ်ယောက် အဆိုပါဆုကို ရယူနိုင်လိမ့်မယ်လို့  မထင်ပဲ ဒက်စ်ချမ့်က သူ့ကစားသမားဟာ အဆိုပါဆုကြောင့် စိတ်အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်နေပါတယ်။

“အဲ့တာက ကျွန်တော့်ကို ရယ်မောစေပါတယ်။ အဲ့တာက ဘောလုံးကြောင်သူတော်လို့ ခံစားရစေပါတယ်။ ဂျာနယ်လစ်တွေက မေးခွန်းထုတ်ပါတယ်။ သူတို့တကယ်ဆိုလိုချင်တာကို မင်းမသိပါဘူး။ ဒက်စ်ချမ့်ကို မေးခွန်းမေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သေချာပြောနိုင်တာက သူက ဘာမှပေးမှာမဟုတ်ပါဘူး။ ဘာပေက လက်ရှိမှာ ဂိုးမသွင်းနေသလို ကောင်းကောင်းလည်းမကစားနိုင်ပါဘူး။ ဒါပေမယ့် ဒက်စ်ချမ့်က သူ့ကစားသမားအတွက် စိတ်အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်နေပါတယ်။ ကျွန်တော်နဲ့ ဒက်စ်နဲ့ကြားထဲမှာ ဝင်မလှော်ပါနဲ့။ ကျွန်တော် သူတို့အမြင်အကြောင်းပြောနေတာပါ။ သူငယ်ချင်းက သူငယ်ချင်းပါ။ ဘော်လွန်းဒီအော်ဆုလည်း ကျွန်တော်တို့ ဂရုမစိုက်ပါဘူး”လို့ ဒူဂါရီက ပြောကြားခဲ့ပါတယ်။

ဒူဂါရီက ဘာပေထက် အခုနှစ်ဘော်လွန်းဒီအော်ဆုကို မက်ဆီ ဒါမှမဟုတ် ဟာလန်းတို့ တစ်ဦးဦးထဲက ထိုက်တန်တယ်လို့ ဆိုပါတယ်။ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းနဲ့အတူရယူနိုင်ခဲ့သလို ဟာလန်းကလည်း စီးတီးနဲ့အတူ ဖလား ၃ လုံးချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဘာပေကတော့ ပြင်သစ်လိဂ်ဖလားတစ်လုံးတည်းသာရယူနိုင်ခဲ့ပါတယ်။ “ဒီနေ့မှာ ကျွန်တော်ပြောချင်တာက ဒီဆုကို ဘာပေထက် ဆုဖလားအောင်မြင်မှုတွေရှိတဲ့ မက်ဆီနဲ့ ဟာလန်းတို့ကိုပဲ ပေးချင်ပါတယ်”လို့ ဒူဂါရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာပေဟာ သောကြာနေ့ နယ်သာလန်နဲ့ ပွဲမှာ ပြင်သစ်အသင်း အတွက် ပါဝင်ကစားမှာဖြစ်ပါတယ်။

#ပြင်သစ် #ဒက်စ်ချမ့် #အမ်ဘာပေ