ရှေ့သို့
Image

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ တိုင်လီမန်စ်ကို မခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့အကြောင်းအရင်း ၂ ချက်

2:31 PM, 3 September

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဗီလာစတား ဒေါက်ကလပ်လူးဝစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘရာဇီးသားကို ၃ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ဗီလာအသင်းဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းမှာ ပါတေးနဲ့ အယ်လ်နီနီတို့ ဒဏ်ရာရနေတဲ့အချိန်မှာ ကွင်းလယ်ပိုင်းကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိကွင်းလယ်ပိုင်းမှာ အာတီတာအတွက် ရွေးချယ်စရာဆိုလို့ လိုကွန်ဂါ နဲ့ ဇာခါတို့ ၂ ဦးသာ ကျန်တော့တာဖြစ်ပါတယ်။

နွေရာသီတုန်းက ခေါ်ယူထားတဲ့ ဗီအဲရာက လက်ရှိအချိန်အထိ ပွဲဦးထွက်ပါဝင်ခွင့်မရသေးပဲ ယူရိုပါလိဂ် နဲ့ ကာရာဘောင်မှာ နေရာရလာဖွယ်ရှိနေပါတယ်။ အာဆင်နယ်ပရိသတ်တွေက တိုင်လီမန်းစ်ကို အလိုရှိခဲ့ကြပေမယ့် အသင်းဘက်ကတော့ ဘယ်လ်ဂျီယံသားအစား လူးဝစ်ကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အက်သလက်တစ်သတင်းဌာနကတော့ အာဆင်နယ်ဟာ တိုင်လီမန်းစ်ကို ပစ်မှတ်ထားခဲ့ပေမယ့် ကိုယ်ကာယပိုင်းဆိုင်ရာ နဲ့ ခံစစ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် မခေါ်ယူခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်က တိုင်လီမန်စ်ကို ခေါ်ယူလိုခဲ့ပေမယ့် ဇာခါရှိနေတဲ့အနေအထားမှာ မခေါ်ယူခဲ့တာလို့လည်း သိရပါတယ်။ အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာကတော့ ဗီလာအသင်းဟာ အလွတ်နဲ့ လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဆက်ထိန်းခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

“တစ်ခါတလေအပြောင်းအရွှေ့တွေက မလွယ်ကူပါဘူး။ မှန်ကန်တဲ့ကမ်းလှမ်းမှုလားဆိုတာတော့ မသိပေမယ့် ဗီလာဘက်က တင်းခံခဲ့ပါတယ်။ ပေါင်သန်း ၃၀ နဲ့ ၃၅ ကြားကတော့ ရောင်းသင့်တဲ့အခြေအနေပါ။ လာမယ့်ဇန်နဝါရီမှာတော့ လက်လွှတ်ရဖို့များနေပါတယ်။ လူးဝစ်ကလည်း စာချုပ်သစ်ဆက်ချုုပ်မှာ မဟုတ်လောက်ပါဘူး။ ဗီလာလည်း ဆက်ထိန်းနိုင်မယ်လို့ ကျွန်တော်မမြင်ပါဘူး”လို့ ရေးပါလာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #လက်စတာ #အပြောင်းအရွှေ့ #တိုင်လီမန်စ်