ရှေ့သို့
Image

ဂျူဗင်တပ်စ်နှင့် အပြောင်းအရွှေ့ ရပ်တန့်သွားခဲ့ပြီးနောက် မီလန်နှင့် ရိုးမားတို့ထံ ကိုယ်တိုင်ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ လူကာကူ

3:32 PM, 25 August

နွေရာသီအပြောင်းအရွှေ့ပိတ်သိမ်းဖို့ တစ်ပတ်သာလိုတော့တဲ့ အချိန်တွင် လူကာကူဟာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဖြစ်နိုင်ချေရှိတဲ့ ပြောင်းရွှေ့ကြေးကို ရှာဖွေဖို့ မီလန်နဲ့ ရိုးမားကို ချဉ်းကပ်ပုံကို Corriere della Sera က ထောက်ပြပြောဆိုလိုက်ပါတယ်။

အသက် ၃၀ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ စီးရီးအေရဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ကံမကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အစပိုင်းတွင် အင်တာမီလန်သို့ ပြန်လာရန် ရည်မှန်းထားသော်လည်း ဂျူဗင်တပ်စ်နှင့် လျှို့ဝှက်ညှိနှိုင်းနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ လူကာကူအား ခေါ်ယူရန် ဗလာဟိုဗစ်ပါဝင်တဲ့ အပြောင်းအရွှေ့ဖြင့် သဘောတူညီမှုရရှိရန် ချဲလ်ဆီးနှင့် အစည်းအဝေးများအကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆားဘီးယားတိုက်စစ်မှူးဟာ ယခုအခါတွင် တူရင်မှထွက်ခွာဖို့ မျှော်လင့်လို့မရတော့တာဖြစ်ပါတယ်။

TMW မှတဆင့် Corriere della Sera မှဖော်ပြချက်အရ လူကာကူရဲ့ရှေ့နေ လီဒူရီဟာ နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေပြီး မကြာသေးမီရက်ပိုင်းအတွင်းက မီလန်နှင့်ရိုးမားတို့ထံ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

မီလန်ဟာ အသက် ၃၀ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် ရန်ရည်ရွယ်ချက်မရှိတာကြောင့် ချဉ်းကပ်မှုကို ချက်ချင်းပယ်ချခဲ့သော်လည်း ရိုးမားနှင့် သဘောတူညီမှုရရှိခဲ့ပါတယ်။ သို့သော် ရိုးမားဟာ အပြီးသတ်ခေါ်ယူဖို့ကို ငွေကြေးမတတ်နိုင်တာကြောင့် ချဲလ်ဆီး အသင်းထံမှ လစာပံ့ပိုးမှုပါဝင်တဲ့ အငှားစာချုပ်ဖြင့်သာ ကမ်းလှမ်းနိုင်မှာဖြစ်ပါတယ်။

#ချဲလ်ဆီး #အေစီမီလန် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #လူကာကူ