ရှေ့သို့
Image

ချန်ပီယံလိဂ်မဲခွဲပွဲအတွင်း ဘာစီလိုနာကို မလေးမစားလုပ်ခဲ့ခြင်းမရှိပါဘူးလို့ ပြောဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ် စီအီးအို အိုလီဗာခမ်း

11:11 AM, 27 August

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲက တစ်ခါတစ်ရံမှာတော့ ရယ်ရွင်ဖွယ်ရာဖြစ်နိုင်ပါတယ်။ ခင်ဗျားဟာ တစ်ခုသောကလပ်ရဲ့ စီအီးအိုဖြစ်ခဲ့မယ်ဆိုရင် အဆိုပါပွဲမှာ ရယ်ခဲ့တာကတော့ မှားယွင်းတဲ့ အပြုအမူဖြစ်သွားနိုင်ပါတယ်။ ဒါကို ဘိုင်ယန်မြူးနစ်စီအီးအို အိုလီဗာခမ်းက ဖြစ်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် အုပ်စုအဆင့်မှာ ဘာစီလိုနာနှင့် တစ်အုပ်စုထဲကျရောက်ခဲ့တဲ့အချိန်မှာ ရယ်ခဲ့တဲ့ပုံစံပေါက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအပြုမူကို မြင်ခဲ့တဲ့ စပိန်သတင်းဌာနက ဒါဟာ လေးစားမှုမရှိတာဖြစ်ပါတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ကနေ နောက်ကောက်ချနိုင်ခဲ့တာကြောင့် ဂိုးသမားဟောင်းဖြစ်သူ အိုလီဘာခမ်းက အခုလိုပြုမူခဲ့တာဖြစ်တယ်လို့ ဘာစီလိုနာအခြေစိုက်သတင်းစာဖြစ်တဲ့ မန်ဒိုဒီပိုတီးပို့က ဖော်ပြထားပါတယ်။ ခမ်းကိုတိုင်ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားပါတယ်။ ထိုအပြုအမူဟာ ဘာစီလိုနာကို မလေးမစားလုပ်တာမဟုတ်ပါဘူးလို့ Bild သို့ ပြောဆိုထားပါတယ်။

"လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ကျွန်တော်တို့အသင်းက လီဝန်ဒေါ့စကီးက ဘာစီလိုနာသို့ ပြောင်းရွေ့ခဲ့တာပါ။ အခုတော့ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲမှာ ကျွန်တော်တို့က တစ်အုပ်စုတည်း အတူတူကျနေပါပြီ၊ ဘောလုံးလောကရဲ့ ဒီလိုအဖြစ်ကြောင့် ကျွန်တော်က ပြုံးမိတာပါ။ ကျွန်တော်ဟာ လီဝန်ဒေါ့စကီးနှင့် ဘာစီလိုနာကို လေးစားမှုရှိပါတယ်" လို့ ခမ်းက ထပ်လောင်း ပြောကြားထားပါတယ်။

ဒီနွေရာသီအပြောင်းအရွေ့တွင် လီဝန်ဒေါ့စကီး ထွက်ခွာသွားပြီးနောက် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကြား တင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကို ဝေဖန်ခဲ့တဲ့ ဘိုင်ယန်နည်းပြရဲ့ မှတ်ချက်စကားများကြောင့် နာဂယ်စ်မန်းနှင့် လာပေါ်တာတို့အကြား မီဒီယာမှတဆင့် ပြောဆိုမှုများရှိခဲ့တာပါ။

လက်ရှိအချိန်မှာ ဘာစီလိုနာဟာ ထိရှလွယ်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ မှတ်ချက်ပေးမှုတွေကို ပုဂ္ဂိုလ်ရေးရာ ရှုထောင့်ကနေသာ ကြည့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကိစ္စမှာ ပါဝင်ဖို့အတွက် ခမ်းကတော့ ငြင်းဆိုထားပါတယ်။ ဂိုးသမားဟောင်းကြီးကတော့ "ဒီလိုပွဲတွေက နှစ်သင်းစလုံးရဲ့ ပရိသတ်တွေအတွက် အောင်ပွဲခံတယ်ဆိုတာက ပုံမှန်ပါပဲ" လို့ နိဂုံးချုပ်ပြောဆိုခဲ့ပါတယ်။

#ဘာစီလိုနာ #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #အိုလီဗာခမ်း