ရှေ့သို့
Image

အန်ဒွန်ဘီလီ၊ လိုဆယ်ဆို၊ ရီဂူလွန်နဲ့ ဟယ်ရီဝင့်ခ်တို့ကို စီနီယာအသင်းကနေ ချန်လှပ်ခဲ့တဲ့ ကွန်တီ

9:48 AM, 12 August

တော့တင်ဟမ်အသင်းနည်းပြ  ကွန်တီက အန်ဒွန်ဘီလီ၊ လိုဆယ်ဆို၊ ရီဂူလွန်နဲ့ ဟယ်ရီဝင့်ခ်တို့ကို စီနီယာအသင်းထံကနေ ချန်လှပ်ခဲ့ပြီး သီးသန့်ကိုယ့်ဘာကိုယ်လေ့ကျင့်ခန်းဆင်းဖို့ ပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်ကစားသမား ၄ ဦးဟာ ကွန်တီရဲ့ တောင်ကိုရီးယားခရီးစဉ်ပြီးနောက် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ သတင်းတွေအရ တော့တင်ဟမ်ဟာ အဆိုပါကစားသမား ၄ ဦးကို အခုနွေရာသီမှာ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ကွန်တီနဲ့ တော့တင်ဟမ်တာဝန်ရှိသူတွေဟာ အန်ဒွန်ဘီလီ၊ လိုဆယ်ဆို ၊ ရီဂူလွန်နဲ့ ဝင့်ခ်တို့ကို အခုအပြောင်းအရွှေ့မပိတ်ခင် ရောင်းထုတ်လိုနေပါတယ်။ ဒါကြောင့် အဆိုပါကစားသမား ၄ ဦးအနေနဲ့ အပြောင်းအရွှေ့မဖြစ်မချင်း ကိုယ်ပိုင်သီးသန့်လေ့ကျင့်ခန်းဆင်းရတော့မှာဖြစ်ပါတယ်။

အန်ဒွန်ဘီလီဟာ ၂၀၁၉ တုန်းက လိုင်ယွန်ကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဘစ်ဆူးမား၊ ဘန်တန်ဂါတို့ရှိနေတဲ့အနေအထားမှာ ပွဲထွက်ခွင့်ရဖို့ မသေချာတော့တာဖြစ်ပါတယ်။

အန်ဒွန်ဘီလီတစ်ယောက် တော့တင်ဟမ်နည်းပြ ၄ ဦးလက်အောက်မှာလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ကိုယ်စားလှယ်တွေကလည်း နယူူးကာဆယ်အသင်းထံ ကမ်းလှမ်းခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဟိုဝီက အန်ဒွန်ဘီလီကို ခေါ်ယူလိုခြင်းမရှိခဲ့ဘူးလို့ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ပြင်သစ်သားက တော့တင်ဟမ်မှာ ဆက်နေဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားထားကာ လန်ဒန်မှာ ပျော်နေတယ်လို့ ဆိုပါတယ်။

“မှန်ပါတယ်။ ကျွန်တော် တော့တင်ဟမ်မှာ ပျော်နေပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ကျွန်တော်တို့အကောင်းဆုံး လုပ်ပြထားနိုင်ခဲ့ပါတယ်။ ကျွန်တော့်အပေါ်မှာ ဘာဖိအားမှာ မတင်ထားပါဘူး။ ကျွန်တော် ပျော်ရာကိုပဲလုပ်ပါတယ်”လို့ အန်ဒွန်ဘီလီက ပြောကြားခဲ့ပါတယ်။

လိုဆယ်ဆိုကတော့ အခုနွေရာသီကမှ တော့တင်ဟမ်ကိုပြန်ရောက်လာခဲ့တာဖြစ်ပြီး လိုင်ယွန်က ခေါ်ယူချင်ခဲ့ပေမယ့် ပေါင် ၅၄ သန်းကြောင့် မခေါ်ယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ကစားသမား ၂ ဦးဖြစ်တဲ့ ဟယ်ရီဝင့်ခ်နဲ့ ရီဂူလွန်တို့ကလည်း အခုနွေရာသီမှာ အသင်းပြောင်းရဖို့ များနေပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ရီဂူလွန် #ဟယ်ရီဝင့်ခ် #အန်ဒွန်ဘီလီ