ရှေ့သို့
Image

စီးရီအေ အသင်းငယ်လေးဖြစ်တဲ့ မွန်ဇာနဲ့ အံ့အားသင့်ဖွယ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ကာဗာနီ

3:29 PM, 13 July

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုးဟောင်း ကာဗာနီက စီရီးအေ ကလပ် မွန်ဇာအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျှက်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှုးက လာမဲ့ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့် ရယူချင်တာကြောင့် ယူနိုက်တက်အသင်းဆီကနေ ထွက်ခွာလာခဲ့အပြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရယူလိုနေတာလည်း ဖြစ်ပါတယ်။ မွန်ဇာအသင်းရဲ့ အားကစားဒါရိုက်တာ အဒရီယန်နိုဂယ်လီယန်နီက သူတို့ရဲ့ စီးရီးအေပထမရာသီမှာ အမြင့်ပျံနိုင်ဖို့အတွက် ဝါရင့်တိုက်စစ်မှုးကြီး ကာဗာနီဆီက အတွေ့အကြုံတွေကို မျက်စိတွေ့နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေရဲ့ အောက်ဆုံးလေးသင်းရဲ့ ထိပ်နေရာ၌ ရာသီသိမ်းခဲ့ရတဲ့ ဆလာနီတာနာအသင်းကလည်း အဆိုပါ ပီအက်စ်ဂျီ သမိုင်းတစ်လျောက် ဂိုးသွင်းအများဆုံးကစားသမားကို ခေါ်ယူရန်အတွက် ကမ်းလှမ်းဖို့ ဆောင်နေပါတယ်။ အသင်းရဲ့ ဥက္ကဌဖြစ်သူကလည်း ကာဗာနီကိုသာ စာချူပ်ချူပ်ဆိုလိုက်နိုင်မယ်ဆိုရင် ဒါက သူတို့အသင်းအတွက်တော့ အိပ်မက်တစ်ခုလို ဖြစ်နေပါလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ကာဗာနီက ယူနိုက်တက်နဲ့အတူ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ ၁၇ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ကာ နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ စီရီးအေပြိုင်ပွဲမှာ ထိပ်တန်း ဂိုးသွင်းမှတ်တမ်းတွေ ရှိထားဖူးတာကြောင့် မွန်ဇာအသင်းကတော့ ကာဗာနီကို ပြန်လည် အသုံးချသွားချင်နေတာဖြစ်ပါတယ်။

ကာဗာနီက စီးရီးအေမှာ ပါလာမို၊ နာပိုလီအသင်းတိုနဲ့အတူ ၇ရာသီကစားပေးခဲ့ဖူးပြီး ၂၁၂ပွဲမှာ ၁၁၂ဂိုး သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ အဆိုပါ ထိပ်တန်း ဂိုးသွင်းမုဆိုးဖြစ်တဲ့ ကာဗာနီက စပိန်ကလပ် တွေဖြစ်တဲ့ ဒီပို့ဒီပို့နဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတွေဆီကို ပြောင်းရွှေ့နိုင်ဖို့ကြိုးစားခဲ့ဖူးတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ