ရှေ့သို့
Image

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒီယာလိုအား နာမည်ပြောင်လေး ပေးလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

1:43 PM, 13 July

ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လီဗာပူးတို့ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ယူနိုက်တက် အသင်းက ဂိုးပြတ် အနိုင်ရယူခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အားမက်ဒီယာလိုက ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအနေနဲ့ ဝင်ရောက် ကစားခဲ့တာဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ ပယ်လစ်စထရီရဲ့ ဂိုး ကိုဖန်တီး ပေးနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းက လီဗာပူးအသင်းကို ၄ - ၀  ရလဒ်နဲ့ အနိုင်ရယူခဲ့တဲ့ အမှတ်တရဖြစ်ဖွယ် ရာသီကြို ခြေစမ်းပွဲစဉ်အပြီးမှာ လူငယ်ကစားသမားလေး ဒီယာလိုက အင်စတာဂရမ်မှာ ပိုစ့်တင်ခဲ့ပြီးနောက် စီနီယာကစားသမား ဖာနန်ဒက်က မှတ်ချက်ရေးပေး လိုက်တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ အရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက လီဗာပူးအသင်းကို ဆန်ချို၊ ဖရက်၊ မာရှယ်၊ ပယ်လစ္စထရီတို့ရဲ့ ဂိုးတွေနဲ့ ရင်သပ်ရှု့မောဖွယ်ကောင်းလောက်အောင် အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

သူတို့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ပယ်လစ်စထရီရဲ့ သွင်းကို ကို ဖန်တီးပေးနိုင်ခဲ့တဲ့ ဒီယာလိုက ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့တာဖြစ်ပြီး အဆိုပါ ပို့စ်မှာပဲ ဘရူနိုဖာနန်ဒက်စ်က “ဂုဏ်ယူပါတယ် အသေးလေးရေ” လို့ အမည်ပြောင်လေးပေးကာ စနောက်လိုက်တာဖြစ်ပါတယ်။

အသက် ၂၀အရွယ် ဒီယာလိုက ၅ပေ ၆လက်မသာရှိတဲ့ အိုင်ဗရီကို့စ် လူငယ်ကစား သမားလေးဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဒီယာလို #တန်ဟတ် #ခြေစမ်းပွဲ