ရှေ့သို့
Image

ဂါဘရီရယ် ဂျီးဆပ်စ်အပြောင်းအရွှေ့ကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ တော့တင်ဟမ်

1:51 PM, 24 June

တော့တင်ဟမ်အသင်းဟာ အာဆင်နယ်အသင်းပစ်မှတ် ဂါဘရီရယ်ဂျီးဆပ်စ်ကို ခေါ်ယူရေးတိုက်ပွဲကနေ နုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလ်သားဟာ အာဆင်နယ်အသင်းရဲ့နံပတ် ၁ ပစ်မှတ်ဖြစ်ပြီး အသင်းကနေ ထွက်ခွာသွားတဲ့ လာကာဇက်တီနေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရကာ ဒုတိယအကြိမ်မှာတော့ စီးတီးလိုချင်တဲ့ပေါင်သန်း ၅၀ နီးပါးလောက်နဲ့ ကမ်းလှမ်းထားပါတယ်။


ဒါ့အပြင် ဂျီးဆပ်စ်ကို တစ်ပတ်လုပ်ခပေါင် ၂ သိန်း ၆ သောင်းကျော်လောက်ပေးဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။ အာဆင်နယ်ကိုပြောင်းဖို့ များနေပေမယ့် တော့တင်ဟမ်က ကြားဖြတ်ခေါ်ယူမှာကို စိုးရိမ်နေရတာဖြစ်ပြီး အခုတော့ ကွန်တီရဲ့အသင်းက နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါနုတ်ထွက်မှုကြောင့် အာဆင်နယ်ဟာ ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်ခဲ့ပြီဖြစ်ကာ တော့တင်ဟမ်က ရစ်ချာလီဆင် နဲ့ ရာဖင်ဟာတို့ိကို ခေါ်ယူဖို့ အားထုတ်လာပါတယ်။


၂ ဦးစလုံးကတော့ ပေါင်သန်း ၅၀ လောက်စီ ကုန်ကျနိုင်ပြီး တစ်ဦးတည်းသာ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ တော့တင်ဟမ်နည်းတူ အာဆင်နယ်က ရာဖင်ဟာကို ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ တော့တင်ဟမ်ဘက်ကလည်း ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် အာဆင်နယ်က ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အခြားတစ်ဖက်မှာ တော့တင်ဟမ်ပစ်မှတ် ရစ်ချာလီဆင်ကို တူချယ်ရဲ့ချဲလ်ဆီးအသင်းကလည်း လူကာကူနေရာမှာ အစားထိုးခေါ်ယူချင်နေပါတယ်။ အသက် ၂၅ နှစ်သားဟာ အဲဗာတန်အသင်းနဲ့ ၂ နှစ်စာချုပ်သက်တမ်းကျန်ရှိနေပေမယ့် အသင်းပြောင်းချင်နေတာဖြစ်ပါတယ်။

#စပါး #အာဆင်နယ် #အပြောင်းအရွှေ့ #ဂျီးဆပ်