ရှေ့သို့
Image

ဆိုလီမာ့ချ်ပင်နယ်တီ မကန်ခင် ဘောလုံးကို အနမ်းပေးခဲ့တဲ့ ဝက်ဂ်ဟော့စ်ရဲ့ လုပ်ရပ်ကို တုံ့ပြန်စကားဆိုလိုက်တဲ့ ဒီဇာဘီ

1:08 PM, 29 April

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ ဝင်ဘာလေကွင်းအတွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယူနိုက်တက်အသင်းက ပင်နယ်တီမှာ ၇ - ၆ ဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့သလို ဘရိုက်တန် ကစားသမား ဆိုလီမာ့ချ် ပင်နယ်တီမလွဲချော်ခင် ဘောလုံးကို နမ်းနေခဲ့တဲ့ ဝက်ဂ်ဟော့စ်ရဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး နည်းပြ ဒဇာဘီက တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားရရိုရေးအတွက် အဓိက အာရုံစိုက်လာတဲ့ ယူနိုက်တက်အသင်းက ဆီမီးဖိုင်ပွဲစဉ်ဖြစ်တာကြောင့် နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ပြီး ဝင်ဘာလေကွင်းအတွင်းမှာ အသာစီးရရန်ကြိုးစားလာခဲ့ပေမဲ့ ပွဲကစားချိန်အတွင်းမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့တာကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် ၅ ကြိမ်မြောက်ပင်နယ်တီကို ဝက်ဂ်ဟော့စ်က ကန်သွင်းယူအပြီးမှာ ကစားသမားတွေအတွက် သတ်မှတ်နေရာကို ချက်ချင်းမပြန်သေးဘဲ ဆိုလီမာ့ချ်အနားရောက်သည်အထိ ဘောလုံးကို အနမ်းပေးနေခဲ့ပြီး ဆိုလီမာ့ချ်ကန်သွင်းရာမှာ ပင်နယ်တီလွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရော ဘရိုက်တန်အသင်းပါ အချိန်ပို မိနစ် ၃၀အတွင်းမှာ အခွင့်အရေးအနည်းငယ်ရခဲ့ကြပေမဲ့ သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပင်နယ်တီကန်သွင်းစေခဲ့ရာတွင် ယူနိုက်တက်အသင်းအတွက် ၆ကြိမ်မြောက် ပင်နယ်တီကို လင်ဒီလော့ဖ်က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့အပြီးမှာ ဝက်ဂ်ဟော့စ်က ဝမ်းသာအားရဖြင့် မြက်ခင်းပြင်ပေါ်မှာ တစ်ကိုယ်တည်း ဒူးတိုက်လျှောထိုးကာ အောင်ပွဲခံနေခဲ့တာပဲ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းက ၁၉၈၃ခုနှစ်အလွန် အက်ဖ်အေးဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ပထမအကြိမ် ပြန်လည် တက်ရောက်နိုင်မယ့် အခွင့်အရေးကနေ သရဲနီတွေနဲ့ အတွေ့မှာ လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဝက်ဂ်ဟော့စ်ရဲ့ လုပ်ရပ်နဲ့ ပက်သက်တဲ့ မေးမြန်းမှုတွေအပေါ် နည်းပြ ဒီဇာဘီက“ဒါက ဘောလုံးပွဲစဉ်တစ်ခုပါပဲ။ ကျွန်တော့်အမြင်မှာ ဝက်ဂ်ဟော့စ်အမှားလုပ်ခဲ့မိတယ် မထင်ပါဘူး။ ဒါက သာမန်အကြောင်းအရာတစ်ခုမျှပါပဲ”လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်ဖ်အေဖလား #ဝက်ဂ်ဟော့စ် #ဒီဇာဘီ