ရှေ့သို့
Image

ကီပါကို ပြန်လည် လက်တွဲဖို့ ပြင်ဆင်နေတဲ့ လာဇီယို နည်းပြ ဆာရီ

10:04 AM, 17 June

ချဲလ်ဆီးအသင်းဂိုးသမား ကီပါကို လာဇီယိုအသင်းနည်းပြ ဆာရီက ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

စပိန်သားဟာ ၂၀၂၀ တုန်းက ချဲလ်ဆီးကို မန်ဒီရောက်လာပြီးနောက်ပိုင်း ဒုတိယဦးစားပေးဂိုးသမားအဖြစ်သာ ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။ ပွဲကစားခွင့်နည်းပါးမှုှုကြောင့် ချဲလ်ဆီးအသင်းရဲ့ဈေးအကြီးဆုံး ဂိုးသမားဟာ အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ များနေပါတယ်။

“သူဘာလိုချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အသင်းမှာ မန်ဒီ နဲ့ ကီပါလိုဂိုးသမားမျိုးရှိနေတာက တကယ့်ကို အခွင့်ထူးခံအနေအထားဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်သေချာပြောနိုင်တာက ကီပါတစ်ယောက် လက်ရှိအခြေအနေကို မပျော်မရွှင်ဖြစ်နေတယ်ဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူကပိုကစားချင်တဲ့ အနေအထားမျိုးဖြစ်နေသလို နံပတ် ၁ နေရာကိုလည်း ရယူချင်နေပါတယ်။ သူရောက်လာတုန်းက နံပတ် ၁ နေရာမှာပါ။ အခြေအနေက လွယ်ကူမနေပါဘူး။ ပြီးတော့ လက်ရှိအချိန်အထိလည်း ထိပ်တန်းကစားသမားတစ်ဦး ဖြစ်နေဆဲပါ။ ကျွန်တော်တို့ သူနဲ့ စကားမပြောရသေးပါဘူး။ မကြာခင်မှာတော့ ကျွန်တော်သူနဲ့ဆွေးနွေးသွားမှာပါ။ နည်းပြတစ်ဦး အနေနဲ့ဆိုရင်တော့ သူတို့က သန်မာတဲ့ဂိုးသမား ၂ ဦးပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဂိုးသမားကို နည်းပြဟောင်း ဆာရီက အလိုရှိနေပြီး အငှားနဲ့ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ စပိန်သာူဟာ ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး ကမ္ဘာ့ဖလားကန်ချင်တဲ့ အနေအထားမှာ ပုံမှန်ပွဲထွက်ခွင့်ရယူလိုနေပါတယ်။

ဆာရီကတော့ သောမက်စ် ထွက်ခွာမှုနဲ့အတူ ချဲလ်ဆီးမှာတုန်းက ခေါ်ယူခဲ့တဲ့ ကီပါကို ပြန်လည်ခေါ်ယူချင်နေပါတယ်။ ကီပါဟာ ဆာရီချဲလ်ဆီးမှာတုန်းက ယူရိုပါလိဂ် ရယူနိုင်ခဲ့တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လာဇီယိုဘက်က တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးပေမယ့် ကီပါနဲ့ ဆာရီတို့ ပြန်လည်ဆုံဆည်းနိုင်ဖို့တော့ များနေပါတယ်။

#ဆာရီ #လာဇီယို #ကီပါ #ချဲလ်ဆီး