ရှေ့သို့
Image

မက်ဒီဆင်ထက် သူ့ရဲ့အသင်းဖော်ကိုသာ ဝယ်ယူဖို့ အာဆင်နယ်ကို တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် တိုက်တွန်း

12:27 PM, 13 April

အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က အသင်းဟောင်းအနေနဲ့ လက်စတာက မက်ဒီဆင်အစား သူ့အသင်းဖော် တိုင်လီမန်းစ်ကိုပဲ ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်ဟာ မက်ဒီဆင်ကို ကာလရှည်ချိတ်ဆက်နေတာဖြစ်ပြီး တနင်္ဂနွေနေ့သတင်းအရ အာဆင်နယ် နဲ့ တော့တင်ဟမ်တို့ဟာ အင်္ဂလန်သားကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မက်ဒီဆင်ဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပြီး ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့ကာ ၈ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

ဒါပေမယ့် အိုဒီဂတ်က အာဆင်နယ်အသင်းအတွက် ဒီရာသီခြေစွမ်းပြနေတာကြောင့် ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ မက်ဒီဆင်အစား တိုင်လီမန်းစ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“တိုင်လီမန်းစ်ကိုပဲ ခေါ်ယူဖို့ စီစဉ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် မှားကောင်း မှားနိုင်ပါတယ်။ ဒါပေမယ့် မက်ဓီဆင်က အဆင်မပြေလောက်ပါဘူး။ အာဆင်နယ်မှာက အိုဒီဂတ်ရှိနေပါတယ်။ 

တိုင်လီမန်းစ်က အာဆင်နယ်လိုအပ်နေတဲ့ကစားသမားပါ။ မက်ဒီဆင်နဲ့ မတူတဲ့ကစားသမားမျိုးပါ။ အာတီတာအနေနဲ့ ကျွန်တော်မြင်တဲ့ကစားသမားမျိုးကို မြင်လိမ့်မယ်လို့ ထင်ပါတယ်။ တိုင်လီမန်းစ်က အာဆင်နယ်နွေရာသီမှာ ခေါ်သင့်တဲ့ကစားသမားမျိုးပါ”လို့ ကမ်းဘဲလ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်စ်ဒဲလ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းစွမ်းဆောင်ရည်မကောင်းခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

“ပြန်လည်တုံ့ပြန်ရမယ့်ပွဲမျိုးမှာ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပြီး လိုအပ်နေတဲ့အမှတ်ကို မယူနိုင်ခဲ့ပါဘူး။ လာမယ့်အပတ်က ပိုကြီးသွားပါပြီ။

ကျွန်တော်တို့ ရုန်းထွက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ လွတ်လွတ်လပ်လပ်ကစားဖို့ လိုပါတယ်။ မင်းသိတယ်မလား။ ဒါက ပွဲတစ်ပွဲဖြစ်ပြီး ပထမပိုင်းမှာ ကျွန်တော်တို့ တင်းမာခဲ့ပေမယ့် နှေးကွေးခဲ့ပါတယ်။

လာမယ့်အပတ်မှာတော့ အခုလိုမျိုး ရှောင်ကြဉ်ရပါမယ်။ နည်းပြ နဲ့ အဖွဲ့ဝင်တွေကို ယုံကြည်ရပါမယ်။ ကျွန်တော်တို့ တစ်ရာသီလုံးနီးပါး ကောင်းကောင်းလုပ်ခဲ့ပါပြီ။

ဒါပေမယ့် မလုံလောက်သေးပါဘူး။ ၂ ပွဲက ပထမပိုင်း ၄၅ မိနစ်မှာပဲ အဝေးကို ပို့ဆောင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အရေးနိမ့်နေခဲ့ရင် ပရီးမီးယားလိဂ်က ဘယ်အသင်းမဆို ပြန်လာနိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်”လို့ ရမ်စ်ဒဲလ်က ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #လက်စတာ #ကမ်းဘဲလ် #တိုင်လီမန်စ် #မက်ဒီဆင်