ရှေ့သို့
Image

ယူနိုက်တက်နဲ့ ပွဲအတွင်း ပင်နယ်တီမပေးခဲ့တဲ့အပေါ် ဒိုင်အဖွဲ့ချုပ်တာဝန်ရှိသူက တောင်းပန်ခဲ့ကြောင်း ဝုဗ်နည်းပြ ဖွင့်ဟလာ

9:27 AM, 15 August

ဝုဗ်နည်းပြ ဂယ်ရီအိုနေးလ်က ဒိုင်အဖွဲ့ချုပ်တာဝန်ရှိသူ ဂျွန်မော့စ်ဟာ ယမန်နေ့ညက ယူနိုက်တက်နဲ့ ပွဲစဉ်အတွင်း ပင်နယ်တီမပေးခဲ့တဲ့အပေါ် တောင်းပန်ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုအတွင်း ယူနိုက်တက်ဂိုးသမား အိုနာနာဟာ ပက်ဒရိုနီတိုရဲ့ ဖြတ်တင်ဘောကို ဖမ်းယူဖို့ ကြိုးစားရာမှာ တိုက်စစ်မှူး ခါလာဂျစ်ရဲ့ခေါင်းကို ဆွဲညှစ်မိသလို ဖြစ်သွားခဲ့တာပါ။

ကွင်းလယ်ဒိုင် ဆိုင်မွန်ဟော့ပါးဟာ ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့သလို VARဒိုင် ဆေးစ်ဘူရီကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပေါက်ကွဲနေတဲ့ အိုနေးလ်က ဒိုင်အဖွဲ့ချုပ်တာဝန်ရှိသူ ဂျွန်မော့စ်နဲ့ စကားပြောခဲ့တဲ့ အခြေအနေတွေကို ထုတ်ဖော်လာခဲ့ပါတယ်။

အိုနေးလ်က "ကျွန်တော် ဂျွန်မော့စ်နဲ စကားပြောခဲ့ပြီး သူက အဲ့ဒီအမှားအတွက် တောင်းပန်ခဲ့ပါတယ်။ ဒါက ပင်နယ်တီပေးကိုပေးရမယ့် အခြေအနေတစ်ခုပါ။ ခုလို တောင်းပန်တာခံလိုက်ရတော့ ကျွန်တော့်အတွက် ပိုဆိုးသွားစေပါတယ်" "ကိုယ့်ဘက်က တစ်ခုခု မှန်နေပြီးတော့ ဘာမှမရလိုက်ရင် အဲ့ဒီခံစားချက်က ပိုဆိုးသွားစေပါတယ်"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အိုနေးလ်က "ကျွန်တော်ကတော့ ဒိုင်တွေ ဘက်လိုက်နေတယ်လို့ မထင်ပါဘူး။ ဒါက လူတစ်ယောက်မှားတတ်တဲ့အမှားတစ်ခုပါပဲ။ ဆုံးဖြတ်ချက်တစ်ခုက မပြတ်မသားဖြစ်နေရင် အားလုံးက အိုးထရက်ဖို့ဒ်ကြောင့် ယူနိုက်တက်ကြောင့်လို့ပဲ ပြောကြပါတယ်" "ဒါကြောင့် ဒီလိုနေရာတွေမှာ VARက ပိုပြီးအကူညီဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ဂျွန်မော့စ်နဲ့ စကားမပြောခင် ဒါက ရှင်းလင်းတဲ့ အမှားတစ်ခုမဟုတ်ဘူးလို့ပဲ မှတ်ယူထားတာပါ" "ဂိုးသမားက တိုက်စစ်မှူးကို ခေါင်းပြုတ်သွားမတတ်ဖြစ်စေခဲ့တာပါ။ ဘောလုံးဖမ်းဖို့ ရှေ့တက်သွားပြီး ကစားသမားကို ပြင်းပြင်းထန်ထန်ထိမိရင် အဲ့ဒါ ပင်နယ်တီပါပဲ"လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျွန်မော့စ် #ပရီးမီးယားလိဂ် #၀ုဗ် #အိုနေးလ်