ရှေ့သို့
Image

ထိပ်ဆုံး၄သင်းဝင်ဖို့နှင့် စပါးကို ဆုဖလားရအောင် ကူညီပေးလိုတဲ့ လူးကပ်စ်မော်ရာ

10:51 AM, 17 October

စပါးအသင်း ဆုဖလားလက်မဲ့ဖြစ်နေမှုကို ယခုနှစ်အတွင်းမှာ အဆုံးသတ်ပေးလိုပြီး ထိပ်ဆုံးလေးသင်း ဝင်ရောက်အောင် ကူညီပေးသွားချင်တယ်လို့ လူးကပ်စ် မော်ရာက ပြောပါတယ်။ ပရီးမီးယားလိဂ်မှာ ရာသီအစ တာထွက်ကောင်းခဲ့သော်လည်း စပါးအသင်းဟာ နောက်ပိုင်း ရှုံးပွဲ၄ပွဲအထိ ရှိခဲ့တာကြောင့် ထိပ်သီး၆သင်းနေရာကနေ ပြန်လည်နိမ့်ကျနေခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ပွဲကလည်း ယခုကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်နေတာကြောင့် တော့တင်ဟမ်ဟော့စပါး အသင်းအနေနဲ့ ရမှတ်တွေအတွက် အမှားခံလို့မရတာဖြစ်ပါတယ်။ ယနေ့ညမှာ အသင်းပိုင်ရှင်သစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်မယ့် နယူးကာဆယ်နဲ့ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ပိုပြီး ဖိအားတွေ ရှိနေနိုင်ပါတယ်။

အသင်းရဲ့ တောင်ပံတိုက်စစ်သမား လူးကပ်စ်မော်ရာက ပြောရာမှာ “ကျွန်တော် တို့မှာ ထိပ်သီးကလပ် ထိပ်သီးရင်းနှီးမြှပ်နှံမှု ထိပ်သီးကစားသမားတွေ ရှိနေတဲ့အခါမှာ ဖိအားတွေကလည်း ဝင်နေပါတယ် အခု  ကျွန်တော်တို့ဥရောပပြိုင်ပွဲနဲ့ပက်သက်လို့ပြောနိုင်တာက ကွန်ပရက်စ်လိဂ်ဘဲ ဖြစ်နေပါတယ်။ ဒီပြိုင်ပွဲကို ကျွန်တော်တို့နိုင်ချင်တယ် ဒီအတွက် တိုက်ပွဲဝင်သွားမယ်”

“ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံး၄သင်းဝင်အောင် တိုက်ပွဲဝင်သွားကာ ချန်ပီယံလိဂ်မှာ ပြန်ကစားမယ် ဘာလို့လဲဆိုတော့ တော့တင်ဟမ်လို ကလပ်မျိုး ထိပ်တန်းကစားသမားတွေ ရှိနေတဲ့အခါမှာ ကျွန်တော်တို့ဒီလို ပြိုင်ပွဲတွေ စဉ်းစားဖို့လိုတယ် ကြီးမားတဲ့ အကြောင်းအရာတွေ တွေးတောမယ့် စိတ်ဓာတ်မျိုး လိုအပ်ပါတယ် ချန်ပီယံလိဂ်က ကျွန်တော်တို့နေရာပါ ဒါကို ကြိုးစားသွားပါမယ်”ဟု ဆိုသည်။

“လူးကပ်စ်ဟာ ၂၀၁၃ ဇန်နဝါရီလက ပီအက်စ်ဂျီကနေ ပေါင်၃၈သန်းဖြင့် ရောက်လာခဲ့ပြီး ကလပ်ရဲ့ စံချိန်တင် ကစားသမား ဖြစ်နေပါတယ်။ ဘရာဇီးသားဟာ သူရဲ့ အတွေ့အကြုံတွေနဲ့ယခုနှစ်အတွင်း ကွန်ဖရက်စ်လိဂ်ကို ဆွတ်ခူးကာ အဆုံးသတ်ပေးလိုနေပါတယ်။ “အားလုံးလည်း သိတဲ့အတိုင်း ဘောလုံးက ပိုက်ဆံချည်းဘဲ မဟုတ်ပါဘူး သေချာတာပေါ့ဗျာ သူက အကူအညီတော့ ဖြစ်စေပါတယ် ဒါပေမဲ့ မျှော်လင့်ချက်တွေ  သယ်ဆောင်စေတာပေါ့ ငွေကြောင့် ထိပ်သီးကစားသမားတွေ ကြယ်ပွင့်တွေ ဝယ်ယူနိုင်တယ်  ကလပ်မှာ ကွင်းထဲမှာ လေ့ကျင်ရေးထဲမှာ တိုးတက်မှုတွေ ဖြစ်စေနိုင်တာပေါ့”

“ဒါဆိုရင် ပရိသတ်တွေလည်း စိတ်လှု့ပ်ရှားမယ် ဘာလို့လဲဆိုတော့ သူတို့အမှတ်ပေးဖလား လိုချင်တယ် အသင်းအနိုင်ရတာကို မြင်ချင်တယ် ချန်ပီယံလိဂ်ရတာကိုလည်း မြင်ချင်ကြတယ် အားလုံး ပါဝင်ပက်သက်နေတာက သိပ်ကောင်းမှာပါ ကစားသမားတစ်ဦးအနေနဲ့လည်း ဒီလို မျှော်လင့်ချက်တွေနဲ့အနိုင်ရဖို့ခြေစွမ်းပြနိုင်ရပါမယ် ကျွန်တော့်အတွက်ကတော့ အသင်းမှာ ကစားရတာ ပျော်ရွှင်ဝမ်းသာတယ်  ကြီးမားတဲ့ ဖိအားတွေလည်း ရှိတယ် ဘောလုံးကတော့ ဒီအတိုင်းပါဘဲ ထိပ်တန်းကစားသမားတွေနဲ့ ထိပ်သီးကလပ်မှာ ရှိနေတဲ့အခါ ပရိသတ်တွေက ဒါမျိုး မျှော်လင့်ကြတာပါဘဲ ဒါက သိပ်ကောင်းပါတယ် ဒီလိုအရာတွေကို သင်ကစားရတဲ့အခါ ခံစားမိပါတယ် ဒါကြောင့်ဘဲ ဘောလုံးဆိုတာ အံ့အားသင့်စရာကောင်းနေတာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။

#စပါး #ပီအက်စ်ဂျီ #လူးကပ်စ်မော်ရာ