ရှေ့သို့
Image

ရမ်စ်ဒေးလ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး စိတ်ပူနေတဲ့ အာတီတာ

12:33 PM, 20 March

အာဆင်နယ်အသင်းနည်းပြ အာတီတာက အာရွန်ရမ်စ်ဒေးလ်တစ်ယောက် ရက်သတ္တပတ်အတော်ကြာ နားရမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပြီး ဗီလာနဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ထိပ်ဆုံး ၄ သင်းနေရာအတွက် တိုက်ပွဲဝင်နေရတာဖြစ်ပြီး ရမ်စ်ဒေးလ်ဒဏ်ရာက အာတီတာအတွက် သတင်းဆိုးဖြစ်လာပါတယ်။

ရှက်ဖီးလ်ဂိုးသမားဟောင်းဟာ ဒဏ်ရာအခြေအနေအနည်းငယ်ပြင်းထန်ပြီး လီနိုကို ၃ ပွဲလောက် နေရာပေးရတော့မှာဖြစ်ပါတယ်။

လီနိုဟာ ရာသီအကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာဖွယ်ရှိနေပေမယ့် အခုတော့ ရမ်စ်ဒေးလ်နေရာကို အစားဝင်ရတော့မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ တိုက်စစ်ဘယ်လိုကစားရမယ် ခံစစ်ဘယ်လိုကစားရမယ်ဆိုတာကိုပါ။ ပြီးခဲ့တဲ့ပွဲတုန်းက မတူကွဲပြားခဲ့ပါတယ်။

လက်ရှိအရှိန်အဟုန်ကို ဆက်ထိန်းဖို့ လိုအပ်ပါတယ်။ ရမ်စ်ဒေးလ်က ကြွက်သားဒဏ်ရာရရှိနေတာပါ။ သူရက်အနည်းငယ်လောက်နားရပါမယ်။ 

မာတီနယ်လီက ပွဲမတိုင်ခင် ဖျားနေတာကြောင့် လူစာရင်းမှာ မပါဝင်ခဲ့တာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ရမ်စ်ဒေးလ်တစ်ယောက် ဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ မသေချာတဲ့အခြေအနေ ရောက်လာပါတယ်။

အင်္ဂလန်သားဟာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်တုန်းက သူ့ရဲ့အမှားတွေအတွက် စိတ်ပျက်နေပြီး အာတီတာက သူစိတ်ပျက်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ပွဲအပြီးမှာ သူတော်တော်စိတ်ပျက်နေပါတယ်။ အဲ့တာက သာမန်ပါပဲ။ ဘာလို့လဲဆိုတော့ သူက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပါတယ်။

သူ့အနေနဲ့ ကစားသမားဘဝမှာ ဖြစ်ပျက်နိုင်တာတွေကို နားလည်ဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

“ထိပ်တန်းပါပဲ။ သူက နောက်နေ့ အဲ့နေရာမှာ ရှိချင်တာပါ။ သူကလေ့ကျင့်ချင်တယ်။ ပြီးတော့ သူ့ကိုယ်သူလည်း ဝေဖန်ပြီး အသင်းကို ဘယ်လောက်အထိ ကူညီပေးနိုင်မလဲဆိုတာကို သင်ယူပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာတီတာ #ဗီလာ #အာဆင်နယ် #မာတီနယ်လီ #ရမ်စ်ဒေးလ်