ရှေ့သို့
Image

ဂျူဗင်တပ်စ် အသင်းနဲ့ စကားပြောဆိုနေတယ်လို့ အတည်ပြုလိုက်တဲ့ရာဘီအော့

12:52 PM, 14 June

ပီအက်စ်ဂျီအသင်း ကွင်းလယ် ကစားသမား ရာဘီအော့ကတော့ သူဟာ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းနဲ့ စကားပြောဆိုနေတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အဆိုပါ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် လက်ရှိအချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ကာ ယူနိုက်တက် အပါအ၀င် ကလပ်အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီ သတင်းဌာနတွေ ဖြစ်တဲ့ ဒယ်လိုစပေါ့နဲ့ တက်တိုစပေါ့ တို့ကတော့ ရာဘီအော့ဟာ ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

“ဂျူဗင်တပ်စ် အသင်းနဲ့ ဆွေးနွေးနေပါတယ်။ အမှန်ပါပဲ။  ကျွန်တော်တို့ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်”လို့ ရာဘီအော့က ပြောပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ လက်ရှိ အချိန်မှာတော့ အာဆင်နယ် ကွင်းလယ် ကစားသမား အာရွန်ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး အခု ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ရာဘီအော့ကိုလည်း ထပ်မံ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

#စီးရီးအေ #ရာဘီအော့