ရှေ့သို့
Image

ချဲလ်ဆီး နောက်ခံလူ ခရစ္စတီယန်ဆန်ကို အလိုရှိနေကြတဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်

1:51 PM, 28 February

ဘာစီလိုနာ အသင်းဟာ နွေရာသီမှာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ အားပြိုင်ဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်သားဟာ ရာသီအကုန်မှာ အလွတ်နဲ့ ပြောင်းခွင့်ရမှာဖြစ်ပြီး အသင်းမှာ ဆက်နေဖို့ အလိုမရှိတာဖြစ်ပါတယ်။

ခရစ္စတီယန်ဆန်ဟာ လမ်းပတ်နေရာမှာ တူချယ်ရောက်လာပြီးနောက် ဂျာမန်သားလက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်သားဟာ သီယာဂိုဆေးလ်ဗား ၊ ရူဒီဂါတို့နဲ့အတူ ဒီရာသီပြိုင်ပွဲစုံ ၂၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။

ဘာစီလိုနာဟာ ခရစ္စတီယန်ဆန်ရဲ့ခြေစွမ်းကို ကောင်းကောင်းသိနားလည်တာဖြစ်ပြီး ဘိုင်နယ်ကလည်း ၂၀၁၅ကနေ ၂၀၁၇ အထိ မိုချန်ဂလာဘတ်မှာ အငှားလာကစားခဲ့ဖူးတာကြောင့် မျက်စိကျနေပါတယ်။ စပိန်သတင်းဌာန ဒီပို့တီဗို့ကတော့ အဆိုပါ ၂ သင်းဟာ ခရစ္စတီယန်ဆန်အတွက် အားပြိုင်ဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်ဟာ တကယ်လို့ ခရစ္စတီယန်ဆန်ကို လက်လွှတ်ခဲ့ရမယ်ဆိုရင် အသင်းဖော် ရူဒီဂါကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ စပိန်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ခရစ္စတီယန်ဆန်အနေနဲ့ ဘာစီလိုနာကိုသာ ပြောင်းဖြစ်ခဲ့မယ်ဆိုရင် အသင်းဖော်ဟောင်း အက်စ်ပီလီကျူတာနဲ့ ပြန်လည်ဆုံဆည်းရဖွယ်ရှိနေပါတယ်။

စပိန်သားဟာ နွေရာသီမှာ ဘာစီလိုနာကို ပြောင်းဖို့ ပြင်ဆင်နေပြီး ချဲလ်ဆီး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ခရစ္စတီယန်ဆန်နဲ့ ရူဒါဂါတို့ကို စာချုပ်သစ် မချုပ်ဆိုနိုင်တာနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့ပါတယ်။ #ဘာစီလိုနာ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ခရစ္စတီယန်ဆန်