ရှေ့သို့
Image

ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ကို စောင့်ကြည့်နေတဲ့ ဘာစီလိုနာ

5:14 PM, 4 January

ဘာစီလိုနာအသင်းဟာ နောက်တန်းနေရာအတွက် ချဲလ်ဆီးအသင်းနဲ့စာချုပ်သစ်မချုပ်ဆိုရသေးတဲ့ ခရစ္စတီယန်ဆန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ခရစ္စတီယန်ဆန်ရဲ့စာချုပ်သက်တမ်းက ဇွန်လအကုန်မှာ ကုန်ဆုံးမှာဖြစ်ကာ ပြည်ပကလပ်အသင်းတစ်ခုနဲ့ အကြိုသဘောတူညီမှုရယူနိုင်တာဖြစ်ပါတယ်။
ဒီမာဇီယိုရဲ့အဆိုအရ ခရစ္စတီယန်ဆန်ရဲ့ ချဲလ်ဆီးအသ်းအနာဂတ်က ဆက်ရှိဖို့မသေချာဘူးလို့ သိရပါတယ်။

အသက် ၂၅ နှစ်သားဟာ ၄ နှစ်စာချုပ်သစ်ချုပ်ဆိုချင်နေပေမယ့် အခုမှာ ချဲလ်ဆီးက ဆွေးနွေးမှုစတင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက တူချယ်က ခရစ္စတီယန်ဆန်နဲ့ပတ်သက်ပြီး သတင်းကောင်းကြားရမယ်လို့ ပြောကြားထားခဲ့ပါတယ်။

ချဲလ်ဆီးစတားဟာ ဒီရာသီချဲလ်ဆီးအတွက် ၁၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ နောက်ကြောဒဏ်ရာရရှိနေပါတယ်။
၂၀၁၂ တုန်းက လူငယ်ကစားသမားဘဝနဲ့ ချဲလ်ဆီးကိုရောက်လာခဲ့ပြီးနောက် ခရစ္စတီယန်ဆန်ဟာ ချဲလ်ဆီးအတွက် ၁၄၆ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

ဘာစီလိုနာက အက်စ်ပီလီကျူတာကိုလည်း ချိတ်ဆက်နေပြီး လက်ရှိမှာ ဖာရန်တောရက်စ်ကို မန်စီးတီးထံကနေ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
ဇာဗီဟာ အသင်းရဲ့လူအင်အားကို တောင့်တင်းအောင် ဖြည့်တင်းချင်နေပြီး ခရစ္စတီယန်ဆန်ကို မျက်စိကျနေပါတယ်။

ချဲလ်ဆီးဟာ ရူဒီဂါကိုလည်း လက်လွှတ်ရဖို့များနေပြီး ရီးရဲလ် ၊ ဘိုင်ယန် ၊ ပီအက်စ်ဂျီ နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပါတယ်။

#ဘာစီလိုနာ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ခရစ္စတီယန်ဆန်