ရှေ့သို့
Image

ရိုးမားဟာ ဆာလက်နှင့် အလီဆင်ကို အတင်းအကျပ်ရောင်းချခဲ့ရပါတယ်လို့ ဝန်ခံလိုက်တဲ့ ဥက္ကဟောင်း ပယ်လော့တာ

10:08 AM, 26 February

ပိုင်ရှင်ဟောင်း ရော့ဆယ်လာဆန်နီ အစပြုခဲ့တဲ့ ဒေဝါလီခံရတော့ ကလပ်ကို သူက ဝယ်ယူခဲ့တာဖြစ်ပြီး ရိုးမားဟာ ဆာလက်နှင့် အလီဆင်တို့ကို အတင်းအကျပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်လို့ ရိုးမား ဥက္ကဌဟောင်း ပယ်လော့တာက ပြောဆိုလိုက်ပါတယ်။

ပယ်လော့တာဟာ ရိုးမားအသင်းရဲ့ အဓိက ရှယ်ယာတွေကို ၂၀၁၁ ခုနှစ် ရော့ဆယ်လာဆန်နီ မိသားစုထံမှ ဝယ်ယူခဲ့တာဖြစ်ပြီး အသင်းအား ၁၀ နှစ် နီးပါးစီမံခဲ့ပါတယ်။ ၂၀၂၀ခုနှစ် ဩဂုတ်လမှာတော့ သူဟာ ဖရက်ကင် မိသားစုထံသို့ ပြန်လည်ရောင်းချခဲ့ပါတယ်။

ပယ်လော့တာရဲ့လက်ထက်မှာ ဆာလက်၊ အလီဆင်၊ နိုင်ဂိုလန်၊ မာကွင်ဟို၊ ဒီဇီကို အစရှိတဲ့ထိပ်တန်း ကစားသမားတော်တော်များများဟာ ရိုးမားအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ကစားခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း ကလပ်ဟာ မည်သည့်ဆုဖလားကိုမျှ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။

"ကျွန်တော်တို့အတူတူရှိနေခဲ့တဲ့အချိန်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အသင်းဟာ ဘဏ္ဍာရေးမျှတ စည်းမျဉ်းကြောင့် ကစားသမားတွေကို အတင်းအကျပ်မရောင်းချခဲ့ရဘူးဆိုရင် ဒီနေ့မှာ အသင်းက ထိပ်ဆုံးမှာရှိနေမှာပါ""လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့အသင်းမှာ ဆာလက်၊ အလီဆင်၊ နိုင်ဂိုလန်၊ ဒီဇီကို၊ ပီယာနစ်၊ စတုမန်း၊ ပါရီဒက်စ်၊ အီမာဆင်၊ မန်နိုလက်စ်၊ ဘီနာတီယာ၊ မာကွင်ဟိုတို့ ရှိခဲ့တာပါ"

"၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း အမှတ်ပေးဖလားကို ဂျူဗင်တပ်စ်အသင်းကသာ ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့က အဆင့် ၂ ဖြင့် ၃ ကြိမ်ရာသီပိတ်သိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ရောက်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဂျူဗင်တပ်စ်ရဲ့ အခြားပြိုင်ဘက်အသင်းတွေထက် ပိုကောင်းခဲ့ပါတယ်""ကျွန်တော်တို့ ရောင်းချခဲ့တဲ့ အချိန်မှာ ဝယ်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်နဲ့ လုံးဝကိုမတူတော့ပါဘူး"

"ကျွန်တော်က ကလပ်ရဲ့ကြွေးမြီပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အမြတ်ငွေလည်းနည်းပါးခဲ့ပါတယ်။ ဒါဟာ ဒေဝါလီခံရမယ့် အခြေအနေဖြစ်ခဲ့တာပါ။ အရင်ပိုင်ရှင် ဘာတွေပဲပြောပြာ ကျွန်တော်က ဂရုစိုက်မှာမဟုတ်ပါဘူး" လို့ အင်တာဗျူးမှာ ပြောပါတယ်။

ရိုးမားအသင်းရဲ့ ဥက္ကဌဟောင်းဖြစ်သူ ဖရန်ကိုရဲ့သမီးဖြစ်သူ ဆန်နီကတော့ ပယ်လော့တာရဲ့ ပြောဆိုမှုတွေကို သဘောမကျဖြစ်နေတာပါ။

"သူ့ရဲ့အင်တာဗျူးကို သတင်းစာမှာဖတ်လိုက်ရပါတယ်။ ပုံမှန်ပြောဆိုမှုတွေကို ဖတ်ခဲ့ရတာဖြစ်သော်လည်း အဲ့ဒီအကြောင်းမှာ အချက်အလက်တွေ၊ ကိန်းဂဏာန်းတွေနဲ့ ဆုဖလားတွေပါနေပါတယ်""ဒီနေ့ ရိုးမားရဲ့ကြွေးမြီတွေကများလာပါပြီ၊ ပိုင်ရှင်အသစ်တွေလိုချင်တဲ့ ရည်မှန်းချက်တွေအတွက် ထိပ်တန်းအသင်းတွေနဲ့ယှဉ်လို့မရသေးပါဘူး"

"ပယ်လော့တာဟာ ရိုးမားအသင်းရဲ့ဥက္ကဌတွေထဲမှာ အောင်မြင်မှုရရှိမှု အနည်းဆုံးသူပါ။ သူဟာ ဒေဝါလီခံမှုအကြောင်းကိုသာပြောဆိုနေသော်လည်း အဲ့ဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုတောင် သိမှာမဟုတ်လောက်ပါဘူး" လို့ သူမကပြောပါတယ်။

#စီးရီးအေ #ရိုးမား #ပယ်လော့တာ