ရှေ့သို့
Image

အာသာရဲ့ နေရာကို အစားထိုးရန် ချဲလ်ဆီးက လိုတပ်ဖ်ချိခ်ကို အငှားဖြင့်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်

10:18 AM, 14 January

အသင်းကနေ အာသာ ထွက်ခွာသွားပါက ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား လိုတပ်ဖ်ချိစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်က စိတ်ဝင်စားနေတယ်လို့ အီတလီသတင်းတွေက ဖော်ပြထားကြပါတယ်။

ဇန်နဝါရီလကုန်မှာ အာသာတစ်ယောက် အသင်းကနေထွက်ခွာသွားပါက ချဲလ်ဆီးက လိုတပ်ဖ်ချိဖ် ကိုခေါ်ယူကာ အသင်းရဲ့ ကွင်းလယ်ကို ငွေကြေးကုန်ကျမှု အနည်းငယ်ဖြင့် ပြန်လည်တည်ဆောက်ဖို့ ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ်အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လက်ရှိရာသီမှာ ပွဲပေါင်း ၂၀ သာကစားထားရတာဖြစ် ပြီး ၃ ဂိုးသာ ဖန်တီးပေးထားနိုင်ကာ အဓိက ကစားသမားအဖြစ် ထည့်သွင်းစဉ်းစားခြင်း မခံထားရတာဖြစ်ပါတယ်။

သူ့ရဲ့နည်းစနစ်ပိုင်းဆိုရာ အရည်အချင်းတွေကို ဂျူဗင်တပ်စ်အသင်းက စောင့်ကြည့်နေပြီး အငှားဖြင့်ခေါ်ယူပြီးနောက် သင့်လျော်တဲ့ဈေးဖြင့် အပြီးသတ်ခေါ်ယူဖို့ပါ ဖြစ်နိုင်ချေရှိနေပါတယ်လို့ Sky Sprots က ဖော်ပြထားပါတယ်။

လိုင်ယွန်နှင့် လိုင်လီတို့က ဘရူနိုဂူမာရေ့စ်နှင့် ရီနာတိုဆန်းချက်စ်တို့ကိုခေါ်ယူဖို့ လုပ်ဆောင်မှုကလည်း ပျက်ပြယ် ခဲ့ကာ အဓိကပြဿနာကတော့ သူတို့နှစ်ဦးစလုံးရဲ့ပြောင်းရွေ့ကြေးက ပေါင် ၄၁.၇ သန်းအထက် ကျော်လွန်နေကာ အဆိုပါဈေးဟာ ဂျူဗင်တပ်စ်အတွက် မဖြစ်နိုင်တဲ့ဈေးပဲဖြစ်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့်တက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး လိုတပ်ဖ်ချိစ်ဟာ အာသာ ရဲ့နေရာမှာ ချက်ချင်းအသားကျသွားနိုင်တာဖြစ်ပါတယ်။
ယခုလမှာ အာသာဟာ တူရင်ကနေထွက်ခွာဖို့ ဆုံးဖြတ်ပြီးပြီဖြစ်ပြီး အာဆင်နယ်သို့ အငှားဖြင့်ပြောင်းရွေ့ဖို့ စီစဉ်နေ တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘာစီလိုနာကစားသမားဟောင်းဟာ အသင်းကနေပြောင်းရွှေ့လိုနေပြီး ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီရဲ့ ခွင့်ပြုမှုကို စောင့်နေတာဖြစ်တယ်လို့ Sportsmail က ဖော်ပြထားပါတယ်။

အာတီတာဟာ မစ်လန်းနိုင်းစ်ကို ရိုးမားသို့ ပြောင်းရွေ့ခွင့်ပြုလိုက်ရပြီးနောက် အသင်းရဲ့ကွင်းလယ်ကို အင်အား ဖြည့် တင်းလိုနေပါတယ်။ အာသာရဲ့လစာဟာ တစ်နှစ်လုပ်ပေါင် ၄.၇ သန်းဖြစ်ပြီး အသင်းရဲ့အရည်အချင်းတိုးတက်ဖို့အတွက် သူ့လို ကစား သမားမျိုးကို ဝယ်ယူဖို့ရှိနေတဲ့ အာဆင်နယ်က အပြည့်အဝပေးချေရမှာဖြစ်ပါတယ်။

ဆွေးနွေးမှုတွေက ဆက်လက်လုပ်ဆောင်ပြီး သင့်လျော်တဲ့ဈေး သို့မဟုတ် အငှားစာချုပ်တွင် အပြီးသတ်ဝယ်ယူခွင့် ပါရှိတဲ့ သဘောတူညီချက်ဖြင့် ဂျူဗင်တပ်စ်က ရောင်းချသွားဖို့ရှိနေပါတယ်။ လိုတပ်ဖ်ချိစ်ရဲ့ ရောက်ရှိမှုဟာ အာသာရဲ့ အပြောင်းအရွေ့အပေါ် သက်ရောက်မှုရှိနေပြီး ဘရာဇီးနိုင်ငံသားကို ထွက်ခွင့်မပြုမီ ကစားသမားအသစ်နှင့် ဂျူဗင်တပ်စ်က အစားထိုးလိုနေတာဖြစ်ပါတယ်။

အသင်းရဲ့ကွင်းလယ်ဟာ လိုအပ်သည်ထက်ပိုလျှံနေတယ်လို့ ရမ်ဆေးက ထင်နေပြီး အယ်လီဂရီရဲ့ကွင်းလယ်ပိုင်း မှာ လိုကာတယ်လီ၊ ဘန်တန်ကျူအာ၊ ရာဘီအော့  မက်ကီနီတို့အပြင် ဘာနာဒက်စ်ချီပါ ရှိနေတာဖြစ်ပါတယ်။ #အာသာ #ချဲလ်ဆီး #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #လိုတပ်ချီခ်