ရှေ့သို့
Image

ပီအက်စ်ဂျီအတွက် ပွဲ ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဂူယီ နဲ့ နာဗက်စ်

1:02 PM, 20 February

ပီအက်စ်ဂျီအသင်းကွင်းလယ်လူ ဂူယီ နဲ့ နာဗက်စ်တို့ဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲ ၁၀၀ ပြည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နာဗက်စ်က စနေနေ့ညနေခင်းတုန်းက ပီအက်စ်ဂျီအတွက် ပွဲ ၁၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ကော်စကာရီတာသားဟာ ပီအက်စ်ဂျီအတွက် လီဂူးဝမ်း ၆၅ ပွဲ ၊ ပြင်သစ်လိဂ်ဖလား ၇ ပွဲ ၊ ပြင်သစ်ရှုံးထွက်ဖလား ၂ ပွဲ နဲ့ ချန်ပီယံလိဂ်မှာ ၂၄ ပွဲအထိ ပါဝင်ကစားထားပါတယ်။

ဆီနီဂေါအသင်းနဲ့အတူ အာဖရိကဖလားရထားတဲ့ ဂူယီကလည်း ပီအက်စ်ဂျီအတွက် ပွဲ ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကာ လီဂူးဝမ်း ၆၄ ပွဲ  ၊ ပြစ်သစ်ဖလား ၁၁ ပွဲ ၊ ပြင်သစ်ရှုံးထွက်ဖလား ၂ ပွဲ နဲ့ ချန်ပီယံလိဂ် ၂၃ ပွဲ ပါဝင်ကစားထားပါတယ်။


# ဂူယီ #ပီအက်စ်ဂျီ #လီဂူးဝမ်း #နာဗက်စ်