ရှေ့သို့
Image

တော့တင်ဟမ်ကို ပြောင်းရွေ့ဖို့ပျက်ပြယ်သွားတဲ့ ဖရန့်ကက်ဆီ

10:00 AM, 29 January

Gazzetta သတင်းဌာန သတင်းအရ အေစီမီလန် ကစားသမား ကက်ဆီရဲ့ ကိုယ်စားလှယ်တွေဟာ တော့တင်ဟမ် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုခဲ့ပြီး ဆွေးနွေးမှုဟာ ရလဒ်ကောင်းမရခဲ့ဘူးလို့ သိရပါတယ်။ ကက်ဆီကလဲ အေစီမှာ သူ့ရဲ့ စာချုပ်ရှိနေသေးတဲ့ ဇွန်လအထိ ဆက်ကစားနေချင်သေးတယ်လို့လဲ သိရပါတယ်။ အေစီက ကစားသမားကို တစ်နှစ်လုပ်ခ ပေါင် ၅.၄ သန်းပေးကာ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက နွေရာသီမှ ာအလွတ်‌‌ ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာလိုနေပါတယ်။

တော့တင်ဟမ်အသင်းကတော့ နည်းပြ ကွန်တီဟာ အသင်းက ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမားတွေအဖြစ် အလီ ၊ လိုဆယ်ဆို နဲ့ အန်ဒွန်ဘီလီတို့ ရှိနေတာကြောင့် ကက်ဆီကို ခေါ်ယူလိုနေတာပါ။ သိုပေမယ့် ကပ်စီကို အင်တာမီလန်နဲ့ ဂျူဗင်တို့ကလဲ ခေါ်ယူချင်နေပါတယ်။  အင်တာမီလန်ကလဲ ကက်ဆီရဲ့ အသင်းဖော်ဟောင်း ဟာကန်ကယ်ဟန်နိုဂလူကို အေစီထံမှ မနှစ်ကနွေရာသီက ‌ခေါ်ယူထားနိုင်ခဲ့တာကြောင့် ကက်ဆီကိုလဲ ထပ်မံခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဂျူဗင်ကတော့ ကပ်စီကို ခေါ်ယူဖို့ကြိုးစားနေပေမယ့် တဖက်မှာ ဒူဆန်ဗယ်လာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ရှိနေပြီး ကစားသမားနဲ့ ဆေးစစ်မှုတွေပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။

အေစီအသင်းကတော့ ကစားသမားတောင်းဆိုထားတဲ့ တစ်နှစ်လုပ်ခ ယူရို ကိုးသန်း ပေးချေနိုင်ဖို့ ညှိနိုင်းဆဲရှိနေပါတယ်။ကက်ဆီဟာ အေစီကို ၂၀၁၉ ခုနှစ်ကနေ အတ္တလန္တာ အသင်းမှ ပြောင်းလာခဲ့ပြီး ၎င်းအသင်းနဲ့အတူ ၂၀၅ ပွဲအထိ ကစားထားခဲ့ပါတယ် ။
#တော့တင်ဟမ် #အေစီမီလန် #အပြောင်းအရွှေ့ #ကက်ဆီ